ကွင်းလယ်ကစားသမား တွန်မီနေး၏ သွင်းဂိုးများဖြင့် ချယ်ဆီးကို မန်ယူ အနိုင်ရ

 

ပရီမီယာလိဂ်ပွဲစဉ် (၁၅) မှ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် မန်ယူနှင့် ချယ်ဆီးအသင်းပွဲစဉ်တွင် ဒီဇင်ဘာ ၇ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင် ကစားခဲ့ရာ မန်ယူအသင်းကနှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်ကို အိုးရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ် ၇၃၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။        
မန်ယူအသင်းအတွက် သွင်းဂိုးရယူနိုင်ခဲ့သော စကော့ တလန်ကွင်းလယ်ကစားသမား မက်တွန်မီနေးသည် ယခုနှစ် ရာသီတွင် အိုးထရက်ဖို့ဒ်ကွင်း၌ သွင်းဂိုး နှစ်ဂိုးရယူနိုင်ခြင်းမှာ ဒုတိယမြောက်ဖြစ်ကြောင်း သိရသည်။ ပထမအကြိမ် သွင်းဂိုး နှစ်ဂိုး ရယူနိုင်ခြင်းမှာ အောက်တိုဘာလတွင်ဖြစ်ပြီး မန်ယူ အသင်းက   ဘရန့်ဖို့ဒ်အသင်းကို   အနိုင်ရရှိခဲ့သောပွဲစဉ်၌ နာကျင်အချိန်ပိုတွင် သွင်းဂိုးနှစ်ဂိုးရယူနိုင်ခဲ့ခြင်း ဖြစ်သည်။  
ထို့အပြင်  ၎င်းသည်  ပရီမီယာလိဂ်တွင်  သွင်းဂိုးငါးဂိုးအထိ ရှိလာပြီး မန်ယူအသင်း၏ ထိပ်တန်းဂိုးသွင်း ကစားသမား ဖြစ်လာခဲ့သည်။ ပွဲချိန် ၉ မိနစ်တွင် မန်ယူအသင်း ပယ်နယ်တီ ကန်သွင်းခွင့်  ရရှိခဲ့သော်လည်း  ဂိုးအဖြစ်  ပြောင်းလဲနိုင်ခြင်း မရှိပေ။ ယနေ့ပွဲစဉ်တွင် မန်ယူအသင်း၏ ကစားပုံကောင်းမွန်မှု ရှိခဲ့ပြီး ချယ်ဆီးအသင်းဘက်သို့ ဂိုးကန်သွင်းမှု အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ 
ယခုပွဲစဉ်   အနိုင်ရရှိမှုကြောင့်   မန်ယူအသင်းသည် ပရီမီယာလိဂ်တွင် နိုင်ပွဲ ကိုးပွဲအထိ ရှိလာပြီဖြစ်ပြီး ပြိုင်ဘက်   ချယ်ဆီးအသင်းက ယခုပွဲ ရှုံးနိမ့်မှုကြောင့် ရှုံးပွဲခြောက်ပွဲအထိ ရှိလာပြီဖြစ်သည်။  မန်ယူအသင်းသည်  လာမည့်ပွဲစဉ်တွင် ဘုန်းမောက်အသင်းနှင့်     ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပြီး ချယ်ဆီးအသင်းက အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။                                                    

အောင်ဇော်