
ယူနိုက်တက်နေးရှင်း မတ် ၃၀
ကုလသမဂ္ဂအဖွဲ့ကြီးသည် ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ရှာဖွေ ကယ်ဆယ်ရေးများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၂၉ ရက်က ပြောကြားလိုက်သည်။
ပူးမား ရဟတ်ယာဉ်သည် အဖွဲ့ဝင် ခြောက်ဦးကို တင်ဆောင် လာခဲ့ပြီး အားလုံးမှာ ပါကစ္စတန်မှ ဖြစ်ကြသည်။ နှစ်ဦးမှာ စစ်ဘက် မှဖြစ်ကာ တစ်ဦးမှာ ရုရှားမှဖြစ်ပြီး ကျန်တစ်ဦးမှာ ဆားဘီးယားမှဖြစ် သည်။ ၎င်းတို့သည် ကွန်ဂိုတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတာဝန် အတွက် ကင်းထောက်စစ်ဆင်ရေး ပျံသန်းခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ စတီဗင် ဒူဂျာရစ်က ပြောကြားလိုက်သည်။
ရဟတ်ယာဉ်သည် မြောက် ပိုင်း ကီဗူပြည်နယ် ရက်ဟူရူ၏ အရှေ့တောင်ပိုင်း ရှန်ဇူအနီးတွင် မတ် ၂၉ ရက် အစောပိုင်းက ပျက်ကျခဲ့ခြင်းဖြစ်သည်။ အဆိုပါ နေရာတွင် မကြာသေးမီက မတ် ၂၃ (M23) လှုပ်ရှားမှု လက်နက် ကိုင်အဖွဲ့နှင့် ကွန်ဂိုအစိုးရတပ်ဖွဲ့ များကြား ထိတွေ့မှုများ ဖြစ်ပွား ခဲ့သည်။
လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေး လျက်ရှိကြောင်း ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။ ကွန်ဂို အရှေ့ပိုင်း၏ ပျက်စီးယိုယွင်းမှု အခြေအနေများကို လုံခြုံရေး ကောင်စီသို့ ကွန်ဂိုခေါင်းဆောင် ဘင်တိုကီတာက မတ် ၂၉ ရက်က တင်ပြခဲ့သည်။ ၂၀၂၂ ခုနှစ် မတ်လ တွင် ကွန်ဂိုအရှေ့ပိုင်း၌ အရပ်သား သေဆုံးမှု ၂၃၀၀ ရှိလာပြီဖြစ် ကြောင်း သိရသည်။
ဆင်ဟွာ