
ကင်ရှာဆာ ဒီဇင်ဘာ ၁၄
ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာကွန်ဂို )တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုဖြစ်ပေါ်ခဲ့ပြီး လူ ၁၂၀ ထက်မနည်း သေဆုံး ခဲ့သည်ဟု သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်းလည်း သိရသည်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒီဇင်ဘာ ၁၃ ရက်တွင် မြို့တော်ကင်ရှာဆာရှိ အဆောက် အအုံများမှာ ရွှံ့ရေများစီးဆင်းလာမှုကြောင့် ပျက်စီး ခဲ့ရသည်။ ရေမြုပ်နေသော ရပ်ကွက်များမှ ဒေသခံ များကို ကယ်တင်ရန် ခါးလောက်ရှိသော ရေထဲကို ဖြတ်သန်းသွားနေရသည့် လူများကို ရိုက်ကူးထား သည်ကို ဗီဒီယိုဖိုင်ထဲတွင် တွေ့မြင်ရသည်။
ရေကြီးမှုဖြစ်ပွားသည့်ဒေသမှ မြေကွက်များပေါ် ရှိ အိမ်အများစုမှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားခြင်းဖြစ်သည်။ ရေကြီးမှုကြောင့် အဝေးပြေးလမ်းလည်း ပျက်စီးသွားခဲ့ရပြီး အဆိုပါ လမ်းကိုပြင်ဆင်ရန် အချိန်အနည်းငယ် ကြာဦး မည်ဟု သိရသည်။
အပျက်အစီးစာရင်းကို ကောက်ယူနေပြီး ဒေသခံအာဏာပိုင်များသည် ဆက်သွယ်ရေးလမ်း များ မပြတ်တောက်သွားစေရေးအတွက် အလျင် အမြန် လုပ်ဆောင်နေကြသည်။ ၂၀၁၉ ခုနှစ်တွင် လည်း ကင်ရှာဆာမြို့ အနီးတစ်ဝိုက်တွင် ရေကြီးမှုနှင့်မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၃၀ ကျော် သေဆုံးခဲ့ သည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ