ကင်ဆာရှာ ဇန်နဝါရီ ၆
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်း မှုမှဖြစ်ပေါ်လာသော     ရေကြီး ရေလျှံမှုများအတွင်း    လူပေါင်း ၃၀၀   ထက်မနည်း     သေဆုံးမှု ဖြစ်ပွားကြောင်း ဇန်နဝါရီ ၅ ရက် တွင် ဝန်ကြီးတစ်ဦးက ပြောသည်။ 
ရေလွှမ်းမိုးမှုနှင့်ပတ်သက်ပြီး ချင့်ချိန်သုံးသပ်သော    အစည်း အဝေးအတွင်း      လူမှုရေးရာ၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ   လုပ်ဆောင်ချက်များနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးဝန်ကြီး    မူတွီရှာယီက   အိုးအိမ်  ၄၃၇၅၀ ပြိုကျခဲ့ကြောင်း   ပြော သည်။ 
ရေဘေးသင့်သူများကို  ကူညီ ထောက်ပံ့နိုင်ရန်အလို့ငှာ ရန်ပုံငွေ များ     အမြန်ထုတ်ပေးရေးနှင့် ပတ်သက်ပြီး   ကွန်ဂိုအာဏာပိုင် များထံ   ဝန်ကြီး  မူတွီရှာယီက တောင်းဆိုထားသည်။ ကွန်ဂိုနိုင်ငံ ၌ ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှု များမှာ စက်တင်ဘာလမှ မေလ အထိ    ကြာမြင့်သောမိုးရာသီ အတွင်း  ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။                  
ဆင်ဟွာ
      


