
လန်ဒန် ဧပြီ ၂၇
ဗြိတိန် ချားလ်ဘုရင်သည် ကင်ဆာရောဂါ ကုသမှုခံယူခြင်းမှ ပြန်လည် သက်သာလာပြီး နောက် လာမည့်သီတင်းပတ် မှစတင်ကာ အများပြည်သူရှေ့ ပြန်လည်ထွက်ပေါ်၍ တာဝန် များ ထမ်းဆောင်ရန် စီစဉ် ထားကြောင်း သိရသည်။
ချားလ်ဘုရင်နှင့် ၎င်း၏ မိဖုရားဖြစ်သူ ကင်မီလာတို့သည် ဧပြီ ၃၀ ရက်တွင် ကင်ဆာရောဂါ ကုသမှုဌာနသို့ သွားရောက်ကာ ကျန်းမာရေး ဝန်ထမ်းများ၊ လူနာများနှင့် တွေ့ဆုံမည်ဟု ဘာကင်ဟမ် နန်းတော်က ကြေညာထားသည်။ အသက် ၇၅ နှစ်ရှိပြီဖြစ်သော ချားလ် ဘုရင်သည် ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက လန်ဒန်မြို့ရှိဆေးရုံသို့ တက်စဉ် ကင်ဆာရောဂါ ခံစား နေရကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစတင်ကာ ဆေး ကုသမှုခံယူစဉ်အတွင်း အများ ပြည်သူရှေ့ ထမ်းဆောင်ရမည့် တာဝန်များကို ရွှေ့ဆိုင်းထားရန် ဆရာဝန်များက အကြံပြုထား သည်။ ရောဂါကုသမှုခံယူပြီး တိုးတက်မှုများ ရှိလာသည့် အတွက် ဘုရင်ကြီးအနေဖြင့် ၎င်း၏ လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်မည်ဟု ဆရာဝန်များက ပြောသည်။ ချားလ်ဘုရင်သည် ကင်ဆာ ရောဂါကုသမှုကို ဆက်လက် ခံယူမည်ဖြစ်ပြီး ဆရာဝန်၏ အကြံပြုချက်အတိုင်း လိုအပ် ပါက ၎င်း၏လုပ်ငန်းတာဝန်များ ကို ထိန်းညှိလုပ်ဆောင်သွားမည် ဖြစ်သည်။ ဘုရင်ကြီးသည် လာမည့်လတွင် နန်းတက်ပွဲ၏ ပထမဦးဆုံး နှစ်ပတ်လည်ကို ကျင်းပမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ