ကနေဒါရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဇန်နဝါရီ ၁၅ ရက်မှစ၍ ဝင်ငွေခွန်စတင်ထမ်းဆောင်နိုင်ပြီဟု သံရုံးအသိပေး

 

ရန်ကုန်   ဇန်နဝါရီ   ၁၆


ကနေဒါနိုင်ငံ၌ ရောက်ရှိနေထိုင်ကာ တရားဝင်အလုပ်လုပ်ကိုင်နေကြ သည့် မြန်မာနိုင်ငံသားများအနေဖြင့်  ဇန်နဝါရီ ၁၅ ရက်မှစ၍ လစာ ဝင်ငွေအပေါ် မိမိထမ်းဆောင်လိုသည့်ကာလများအတွက် ဝင်ငွေခွန် စတင်ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်း ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး က အသိပေးထားသည်။


ကနေဒါနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား များအနက် မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစား PJ(Passport-Job) (သို့မဟုတ်) PB (Passport- Business) ကိုင်ဆောင်၍  တရားဝင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဇန်နဝါရီ ၁၅ ရက်မှစ၍ မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် မြန်မာသံရုံး သို့ လျှောက်ထားရာတွင် မိမိထမ်းဆောင်လိုသည့် ကာလများအတွက် ဝင်ငွေခွန်များကို တစ်ပါတည်းထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း အသိ ပေးထားသည်။


ထို့အတူ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမြှင့်ပြီးသူများအနေဖြင့် လည်း မိမိထမ်းဆောင်လိုသည့်ကာလများအတွက် စတင်ထမ်းဆောင် နိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၂၃ ခုနှစ် ပြည်ထောင်စု ၏အခွန်အကောက်ဥပဒေကိုပြင်ဆင်သည့်  ဥပဒေအရ ပြည်ပနိုင်ငံ များတွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံခြားငွေဖြင့် ရရှိသောလစာဝင်ငွေအပေါ်တွက်ချက်မှု နည်းလမ်း  နှစ်မျိုးဖြင့်တွက်ချက်ပြီး   ရရှိသည့်အခွန်ပမာဏ (၂)ရပ် အနက် နည်းရာအခွန်ပမာဏကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ ဝင်ငွေခွန်အပေါ် ပေးဆောင်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။


ဝင်ငွေခွန်ထမ်းဆောင်မည့်သူများအနေဖြင့် အသေးစိတ်အချက် အလက်များ ထပ်မံသိရှိလိုပါက မြန်မာသံရုံး၊ အော်တာဝါမြို့ ၏ သံရုံး email meottawa@rogers.com ၊ ရုံးတယ်လီဖုန်းအမှတ် ၆၁၃ ၂၃၂၉၉၉၀  နှင့်  လက်ကိုင်ဖုန်းအမှတ်   ၆၁၃၇၉၉၆၇၂၀  သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။                                  

MT