
တိုကျို ဧပြီ ၂၆
မြောက်အမေရိကတွင် လျှပ်စစ်ကား လိုအပ်ချက် မြင့်မားလာရာ အဆိုပါလိုအပ်ချက်အတိုင်း ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်ကား စက်ရုံနှင့် ဘက်ထရီစက်ရုံသစ်တို့ကို ကနေဒါနိုင်ငံ တွင် တည်ဆောက်သွားရန် အစီအစဉ်ရှိကြောင်း ဟွန်ဒါကားကုမ္ပဏီက ကြေညာခဲ့သည်။
အွန်တေရီယိုပြည်နယ် အဲလစ်စတန်တွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံတန် ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဂျပန်ကားကုမ္ပဏီဖြစ်သည့် ဟွန်ဒါ ကားကုမ္ပဏီက ကြေညာခဲ့သည်။ ဟွန်ဒါကား ကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူ မီဘဲတိုရှီဟီရို နှင့် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုတို့သည် ဧပြီ ၂၅ ရက်က သတင်းထောက်များနှင့် တွေ့ဆုံခဲ့ သည်။
စက်ရုံသစ်များသည် လျှပ်စစ်ကားထုတ်လုပ် ရေးစနစ်ကို တိုးချဲ့မြှင့်တင်ပေးနိုင်မည်ဟု ဟွန်ဒါ ကားကုမ္ပဏီဥက္ကဋ္ဌက ပြောသည်။ အဲလစ်စတန်ရှိ စက်ရုံ၌ တစ်နှစ်လျှင် ကားအစီးရေ ၂၄၀၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။ ၂၀၂၈ ခုနှစ်တွင် ထုတ်လုပ်ရေးပိုင်း စတင်မည် ဖြစ်သည်။ ပြည်တွင်း၌ပင် ဘက်ထရီထုတ်လုပ်ခြင်း ဖြင့် ကုန်ကျစရိတ်ကို လက်ရှိနှုန်းထက် ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဟု ဟွန်ဒါက ယူဆထားသည်။
ရင်းနှီးမြှုပ်နှံမှုတွင် ၎င်း၏မိတ်ဖက်ကုမ္ပဏီများ ၏ပံ့ပိုးမှုလည်းပါဝင်သည်ဟု ကုမ္ပဏီကပြောသည်။ ကနေဒါအစိုးရထံမှ ထောက်ပံ့ကြေးများ ရရှိရန် လည်း ဆွေးနွေးနေကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ