ကနေဒါနိုင်ငံ၌ ဩဂုတ် ၁၉ ရက်အထိ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁၁၆၈ ဦးအထိ ရှိလာ

 

အော့တဝါ  ဩဂုတ်  ၂၀


ကနေဒါနိုင်ငံ၌ ဩဂုတ် ၁၉ ရက် အထိ  ဆေးရုံတက်ရောက်ကုသနေ သူ ၃၀ အပါအဝင်  နိုင်ငံတစ်ဝန်း မျောက်ကျောက်ရောဂါအတည်ပြု ကူးစက်ခံရသူ   ၁၁၆၈  ဦးအထိ  ရှိလာပြီဖြစ်ကြောင်း    ကနေဒါ ပြည်သူ့ကျန်းမာရေး    အေဂျင်စီ (ပီအိတ်ချ်အေစီ) က ပြောသည်။

 


အဆိုပါ         မျောက်ကျောက် ရောဂါ   ကူးစက်ခံရသူများတွင် အွန်တာရီယိုပြည်နယ်မှ ၅၇၁ ဦး၊ ကွီဘက်စ်ပြည်နယ်မှ  ၄၅၃  ဦး၊ ဗြိတိသျှကိုလံဘီယာမှ  ၁၁၉  ဦး၊ အယ်ဘာတာပြည်နယ်မှ ၁၉ ဦး၊ ဆာကက်ချီဝန်ပြည်နယ်မှ သုံးဦး၊ ယုခွန်မှ  နှစ်ဦးနှင့်  နယူးဘရွန်း ဆွစ်မှ       တစ်ဦးပါဝင်ကြောင်း ပီအိတ်ချ်အေစီက ပြောသည်။

 


ထို့အပြင်   နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့်        ဒေသများသို့ Imvamune   ကာကွယ်ဆေး ၁၀၅၀၀၀ ကျော်ကို   ဖြန့်ကြက် ပေးထားပြီး       ဖြစ်ကြောင်းနှင့် ဩဂုတ် ၁၄ ရက်အထိ လူပေါင်း ၅၉၀၀၀   ကျော်   အနည်းဆုံး တစ်ကြိမ်ထိုးနှံထားပြီး      ဖြစ် ကြောင်း  အဆိုပါ  အေဂျင်စီက ဆိုသည်။   အစီရင်ခံတင်ပြလာ သော   ရောဂါကူးစက်ခံရသူ ၉၉ ရာခိုင်နှုန်းသည်   အမျိုးသားများ ဖြစ်ပြီး  ပျမ်းမျှအသက်မှာ ၃၆ နှစ် ဖြစ်ကြောင်း သိရသည်။    

ဆင်ဟွာ