KNDF နှင့် KNPP အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ထားသည့် ပန်တိန်းဒေသနှင့် စွတ်ပိုင်ဒေသရှိ နယ်ခြားစောင့်တပ်များအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

 

နေပြည်တော်   ဇွန်    ၂၈


ကယားပြည်နယ်အတွင်း နယ်စပ် ဒေသလုံခြုံရေးနှင့် ဒေသခံပြည်သူ များ၏    လုံခြုံရေး   ဆောင်ရွက် လျက်ရှိသည့်     တောင်လှစခန်း၊ မယ်တနွယ်စခန်း၊ ဘီပီ-၁၄ စခန်း၊ မယ်စဲ့စခန်းနှင့်    နမ်ပေါင်စခန်း တို့အား    KNDF   နှင့်     KNPP အကြမ်းဖက်  လက်နက်ကိုင်အဖွဲ့ တို့က အင်အားအလုံးအရင်းဖြင့် ဇွန်   ၁၃   ရက်မှ  ၁၉   ရက်အထိ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ    လုံခြုံ ရေး   တပ်ဖွဲ့ဝင်များနှင့်     ထိတွေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ပြီး ဇွန် ၁၆ ရက်တွင် ပန်တိန်း ဒေသရှိ         တပ်မတော်ကွပ်ကဲမှု အောက် အမှတ် (၁၀၀၄) နယ်ခြား စောင့်တပ်သည် ဆက်သွယ်မှုများ  ပြတ်တောက်ခဲ့သည်။

 


ဆက်သွယ်မှုပြန်လည်ရရှိ


ဇွန် ၁၇ ရက်နံနက်ပိုင်းတွင် အမှတ် (၁၀၀၄) နယ်ခြားစောင့် တပ်တွင်    တာဝန်ထမ်းဆောင် လျက်ရှိသည့် တပ်မတော်အရာရှိ တစ်ဦးနှင့် ဆက်သွယ်မှုပြန်လည် ရရှိခဲ့ပြီး ၎င်း၏ သတင်းပို့ချက်အရ  အမှတ် (၁၀၀၄) နယ်ခြားစောင့် တပ်မှ  အသွင်ပြောင်း  တပ်ဖွဲ့ဝင်  အချို့ သည် တပ်ဆင်ပေးထားသည့်  လက်နက်၊    ခဲယမ်းများနှင့်အတူ နိုင်ငံတော်နှင့် တပ်မတော်အပေါ်  သစ္စာဖောက်ဖျက်    တောခိုခဲ့ပြီး KNPP အကြမ်းဖက် လက်နက် ကိုင်အဖွဲ့နှင့်   KNDF   အကြမ်း ဖက်အဖွဲ့များနှင့်    ပူးပေါင်းသွား ကြောင်း၊  ၎င်းတပ်တွင် တာဝန် ထမ်းဆောင်လျက်        ရှိသည့် တပ်မတော်သားများနှင့် မိသားစု ဝင်များအား    သက်ဆိုင်ရာ   ရုံး၊ အဆောက်အဦ     အသီးသီးတွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထား ကြောင်း သိရှိရသည်။

 


ပြန်လည်သိမ်းပိုက်နိုင်ခဲ့


ထို့ကြောင့်   ယင်းနေ့   နံနက် ပိုင်းတွင်     တပ်မတော်အနေဖြင့် လေကြောင်းချီတပ်ဖွဲ့များ  အသုံး ပြု၍ ကွန်မန်ဒိုနည်းဖြင့် ချီတက် ချဉ်းကပ်ကာ       လေကြောင်း ပစ်ကူ၊    အမြောက်ပစ်ကူရယူပြီး  အဆင့်ဆင့် ချီတက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲပိုင်းတွင်  အမှတ်  (၁၀၀၄)နယ်ခြားစောင့်တပ်ကို ပြန်လည် ထိန်းချုပ်           သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မတော်သားအရာရှိ၊ စစ်သည်၊ မိသားစုများကို     ကယ်တင်၍ ရဟတ်ယာဉ်များဖြင့် လုံခြုံစိတ်ချ ရသည့်    နေရာသို့      ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

 


အဆင့်ဆင့်ချီတက်တိုက်ခိုက်


ထို့အတူ   စွတ်ပိုင်ဒေသရှိ အမှတ်  (၁၀၀၅)  နယ်ခြားစောင့် တပ်သည်လည်း ဇွန် ၁၇ ရက်တွင်  ဆက်သွယ်မှု   ပြတ်တောက်ခဲ့ရာ တပ်မတော်အနေဖြင့် လေကြောင်း ချီတပ်ဖွဲ့ စေလွှတ်ရန် ကြိုးပမ်းခဲ့ သော်လည်း   ရာသီဥတု    အခြေ အနေအရ    အသုံးမပြုနိုင်သဖြင့် ကွန်မန်ဒိုတပ်ဖွဲ့များဖြင့်  အဆင့်ဆင့် ချီတက်တိုက်ခိုက်ခဲ့ရာ     ဇွန် ၂၇ ရက်    ညနေပိုင်းတွင်    အမှတ် (၁၀၀၅) နယ်ခြားစောင့်တပ်အား ပြန်လည်ထိန်းချုပ် သိမ်းပိုက်နိုင် ခဲ့သည်။  ၎င်းတပ်အား ပြန်လည် ထိန်းချုပ်ရရှိချိန်တွင်     တာဝန် ထမ်းဆောင်လျက်             ရှိသည့် တပ်မတော်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ ပျောက်ဆုံးလျက်ရှိ သဖြင့် အမြန်ဆုံး ကယ်ဆယ်နိုင် ရေး ရှာဖွေရေးလုပ်ငန်းများ ဆက် လက် ဆောင်ရွက်လျက်ရှိသည်။

 


ထိတွေ့တိုက်ပွဲများဖြစ်ပွား


အဆိုပါ    အမှတ်    (၁၀၀၄) နယ်ခြားစောင့်တပ်နှင့်   အမှတ် (၁၀၀၅)   နယ်ခြားစောင့်တပ်တို့  အား တိုက်ခိုက်သိမ်းပိုက်ရာတွင်  အပြန်အလှန် ထိတွေ့တိုက်ပွဲများ  ဖြစ်ပွားခဲ့ပြီး        ၎င်းတို့ထံမှ  လက်နက်မျိုးစုံ ၄၁ လက်၊ ခဲယမ်း မျိုးစုံ  ၉၂၇  တောင့်၊  ဗုံးသီးမျိုးစုံ ၂၈ လုံးနှင့် အခြားဆက်စပ်ပစ္စည်း များ     သိမ်းပိုက်ရရှိခဲ့ကြောင်းနှင့် တပ်မတော်မှ    အရာရှိ၊   စစ်သည် အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

 


ပြန်လည်သိမ်းပိုက်နိုင်ရေး


တပ်မတော်အနေဖြင့် KNDF  နှင့် KNPP အကြမ်းဖက် လက်နက် ကိုင်အဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက် ထားသည့်   မယ်စဲ့ဒေသမှ  စခန်း အချို့အား   အမြန်ဆုံး   ပြန်လည် သိမ်းပိုက်နိုင်ရေး      ဆက်လက် ဆောင်ရွက်လျက်           ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်