ကျွန်းစုမြို့နယ် ကဏန်းကျွန်းအရှေ့ဘက်ရေပြင်ရှိ ဆီတင်ဗောတွင် ကုန်တင်စက်လှေတစ်စင်း ပေါက်ကွဲမှုဖြစ်ပွား၍ စက်လှေပေါ်ပါသူများအနက် ငါးဦး မီးလောင်ဒဏ်ရာများရရှိ

 

ကျွန်းစု ဖေဖော်ဝါရီ  ၁၄


တနင်္သာရီတိုင်းဒေသကြီး ကျွန်းစု မြို့နယ်      မအိုင်ကျေးရွာအုပ်စုကဏန်းကျွန်းအရှေ့ဘက်ရေပြင် ရှိ ဆီတင်ဗောတွင်  ကုန်တင်စက် လှေတစ်စင်းပေါက်ကွဲမှု ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီ ၁၂ မိနစ် ခန့်က  ဖြစ်ပွား၍ ငါးဦး မီးလောင် ဒဏ်ရာများ  ရရှိခဲ့ကြောင်း   သိရ သည်။


ကုန်တင်စက်လှေပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့   မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ  ခရိုင်မီးသတ် ဦးစီးမှူး  ဦးစန်းဦး  ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊  ရေကြောင်း ရဲတပ်ဖွဲ့ဝင်များ၊  ပထော်နယ်မြေ ရဲစခန်းမှ          ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ရေ)မှ  တပ်ဖွဲ့ဝင်များ ဖြင့် သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ရာ ကျွန်းစုမြို့နယ် သဘောင်း တောင်ကျေးရွာ၌ နေထိုင်ကြသော  မောင်ဝေယံဖြိုး (၁၃)နှစ်၊ ဦးဝင်းမိုး (၂၆)နှစ်၊ မောင်စိုးမင်းဦး (၁၄)နှစ်၊ ဒေါ်ဖြူစင်ဦး (၂၄)နှစ်၊ ဒေါ်မြဦး  (၅၆) နှစ်    စုစုပေါင်း    အမျိုးသား တစ်ဦး၊    အမျိုးသမီး   နှစ်ဦး၊     ကလေး(ယောက်ျားလေး)   နှစ်ဦး တို့တွင်       ဒဏ်ရာများရရှိခဲ့ သဖြင့်       မြိတ်မြို့        ရှင်သန်ခြင်း လူမှုရေးအသင်းနှင့်     စိတ္တသုခ လူမှုရေးအသင်းရှိ လူနာတင်ယာဉ် များဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ  ဖေဖော်ဝါရီ   ၁၄  ရက် နံနက် ၁၀ နာရီ  ၁၂  မိနစ်ခန့် က ကျွန်းစုမြို့နယ်  မအိုင်ကျေးရွာ အုပ်စု ကဏန်းကျွန်း အရှေ့ဘက် ရေပြင်ရှိ ဝေယံဖြိုးဓနတိုး ကုမ္ပဏီ ပိုင် ဆီတင်ဗောတွင် ဦးသန်းဌေး (၆၃)နှစ်  မြိတ်မြို့နေသူ   ပိုင်ဆိုင်၍  ဦးဝင်းမိုး (၂၆)နှစ် (လှေလုပ်သား)    မောင်းနှင်ပြီး ကုန်တင်စက်လှေ ပေါ်တွင် တစ်ရွာတည်းနေ    အမျိုး သား သုံးဦး၊ အမျိုးသမီး နှစ်ဦးတို့ နှင့်အတူ    ကလေး(ယောက်ျား လေး)  သုံးဦးတို့ လိုက်ပါလာသည့်  အလျားပေ ၆၀၊ အနံ ၁၀ ပေ၊  သစ်သားကိုယ်ထည် လျှံဘုန်းနိုင် အမည်ရှိ   ကုန်တင်စက်လှေသည်    စက်လှေပေါ်ပါ     ဆီပီပါများသို့    ဓာတ်ဆီများ လာရောက်ဖြည့်ပြီး   ဆီပိုက်များ   ဆွဲတင်ပြီးနောက်   ပေါက်ကွဲမှု (စုံစမ်းဆဲ)  ဖြစ်ပွားခဲ့ ကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက် ၍ အရေးယူနိုင်ရေး သက်ဆိုင်ရာ က  စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 မြင့်ဦး(မြိတ်)