ကျွန်းစုမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

 

ကျွန်းစု ဧပြီ ၂၁


တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသူများနှင့် အသက် ၄၀ နှစ်နှင့် အထက် ပြည်သူများအား  ယနေ့နံနက်ပိုင်းက မြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

 


ကာကွယ်ဆေးထိုးနှံရာတွင်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများရှိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားပြီးသူများကို ဒုတိယအကြိမ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး အသက် ၄၀ နှစ်နှင့်အထက် မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး  ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။

 


ကာကွယ်ဆေးထိုးနှံရာတွင်   ဧပြီ  ၂၀  ရက်က ဒုတိယအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၃၀ ကို Covaxin ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ထပ်ဆောင်းထိုးနှံပေးရာတွင် ဒုတိယကြိမ် ဆေးထိုးနှံပြီးသူ အသက် ၄၀ နှစ်နှင့်အထက်ရှိသူ ၁၁၀ တို့ကို Astra-Zeneca နှင့် Covaxin ကိုဗစ်ကာကွယ်ဆေး အမျိုးအစားများ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။      

                         

မြို့နယ်(ပြန်/ဆက်)