ကျွန်းစုမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  အလွတ်တန်း(ဖူဆယ်) ဘောလုံးပြိုင်ပွဲကျင်းပ

 

 

နေပြည်တော်   ဒီဇင်ဘာ   ၂၈
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း(ဖူဆယ်) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းတွင် မြို့မအားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်စန်းဝင်းက အမှာစကား ပြောကြားပြီး တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူး က ပါဝင်ယှဉ်ပြိုင်သည့် အားကစားအသင်းများအား အားကစားပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူသည်။ ထို့နောက် အားကစားအသင်းများက အားကစား သစ္စာအဓိဋ္ဌာန်လေးချက် ရွတ်ဆိုခဲ့ပြီး ပြိုင်ပွဲကို စတင်ကျင်းပကြသည်။
အဆိုပါ အလွတ်တန်း(ဖူဆယ်)ဘောလုံးပြိုင်ပွဲတွင် ကျွန်းစုမြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များမှ အသင်း ၁၃ သင်းဖြင့်  ယှဉ်ပြိုင်လျက်ရှိပြီး ဗိုလ်လုပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။                                                    သတင်းစဉ်