ကန့်ဘလူမြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့်အကျိုးဆောင်တောင်သူများအား ဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေး

 

ကန့်ဘလူ   ဇန်နဝါရီ   ၁၆


စစ်ကိုင်းတိုင်း       ဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် တွင်   လာမည့်နွေစပါး  စိုက်ပျိုး ရာသီ၌    ဒေသခံအကျိုးဆောင် တောင်သူ  လယ်သမားများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ အသုံးပြုနိုင်ရေးအတွက်   တိုင်း ဒေသကြီးအစိုးရအဖွဲ့ အစီအစဉ် ဖြင့် ယူရီးယားဓာတ်မြေဩဇာများ ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌   ဇန်နဝါရီ  ၁၆  ရက်   နံနက် ၁၀ နာရီက ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း သိရသည်။

 


ထိုသို့      ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး     အဖွဲ့ ဥက္ကဋ္ဌ     ဦးဘုန်းထက်နိုင်မြင့်က အကျိုးဆောင်  တောင်သူများကို ယူရီးယား    ဓာတ်မြေဩဇာများ ရောင်းချပေးရခြင်း ရည်ရွယ်ချက် များ၊  အထွက်နှုန်းတိုးတက်ရေး အတွက်     မျိုးကောင်းမျိုးသန့် များ​  ရွေးချယ်စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေများ  အသုံးပြုရာတွင် အလေအလွင့်မဖြစ်စေရေး စနစ် တကျ ဆောင်ရွက်ကြရန်ကိုလည်း ကောင်း၊     မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး    ဦးစံအောင်က    စပါး အထွက်နှုန်း   တိုးတက်စေရန် မြေယာပြုပြင်ခြင်း  လုပ်ငန်းများ၊ မြေဩဇာနှင့်      ပိုးသတ်ဆေး အသုံးပြုသည့်    နည်းစနစ်များ၊ စိုက်ပျိုးထုတ်လုပ်မှု    တိုးတက် မြင့်မားရေးအတွက်      သဘာဝ မြေဩဇာနှင့်      ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲရမည့် နည်းလမ်း များ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် နည်းစနစ်များ ကို ရှင်းလင်းပြောကြားသည်။

 


ထို့နောက်   နွေစပါးစိုက်ပျိုး မည့် ဒေသခံတောင်သူများအား ယူရီးယားဓာတ်မြေဩဇာ   ၆၉၅ အိတ်ကို   ဖြန့်ဖြူးရောင်းချပေးခဲ့ ကြောင်း၊ ဆက်လက်ပြီး ယူရီးယား ဓာတ်မြေဩဇာများကို   ဖြန့်ဖြူး ရောင်းချပေးသွားမည်      ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစံအောင်က ပြောသည်။ 
ကန့်ဘလူမြို့နယ်၌   ၂၀၂၁- ၂၀၂၂ ခုနှစ် နွေစပါးစိုက်ပျိုးရာသီ တွင်    နွေစပါး   ၂၉၅၁၀   ဧက  လျာထား  စိုက်ပျိုးသွားမည်ဖြစ် ကြောင်း သိရသည်။ 

 


အောင်ဝင်းငြိမ်း(ကန့်ဘလူ)