ကန့်ဘလူမြို့နယ် ဇာဒီကျေးရွာအနီး ကြံခုတ်နေသည့် ဒေသခံပြည်သူများအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံး၊ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်  ဇန်နဝါရီ   ၂၃
စစ်ကိုင်းတိုင်းဒေသကြီး   ကန့်ဘလူမြို့နယ်   ဇာဒီ ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့် အကွာ   ကြံခင်းအတွင်း   ကြံခုတ်နေသည့်   ဒေသခံ ပြည်သူများအား ယနေ့နံနက် ၁၀ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ် များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သတင်းရလျှင်ရခြင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြံခုတ်နေသည့် အပြစ်မဲ့ ဒေသခံပြည်သူ အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦး တို့ကို သေဆုံးလျက်တွေ့ရှိရပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိနေကြောင်း တွေ့ရှိရသည်။
သေဆုံးခဲ့ရသူများကို  လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့်     ထိခိုက်ဒဏ်ရာ ရရှိခဲ့သူကို  လိုအပ်သည့်ဆေးကုသမှုများ  ဆောင် ရွက်ပေးနိုင်ရေး  ကန့်ဘလူမြို့ရှိ  နယ်မြေခံဆေးပေး ခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။        

သတင်းစဉ်