
ကန့်ဘလူ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) ညောင်အိုင်တို့ ပူးပေါင်း၍ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကို ဇူလိုင် ၈ ရက်နံနက် ၁၀ နာရီ က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောင်း အုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်း က အဖွင့်အမှာစကား ပြောကြား ပြီး အထက်တန်းပြ ဆရာ ဦးကြည်ရှိန် က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ၏ အတ္ထုပ္ပတ္တိများကို လည်း ကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က မိမိတို့ဌာန၏ လုပ်ဆောင်ချက် များ၊ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်ရေး တို့ကို ဟောပြောကြသည်။
ထို့နောက် ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး က အထက(ခွဲ) ညောင်အိုင် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို လှူဒါန်း ပေးအပ်ရာ ကျောင်းအုပ်ဆရာမ ကြီးက လက်ခံရယူသည်။
(၇၅) နှစ်မြောက် အာဇာနည် နေ့ အထိမ်းအမှတ် နံရံကပ် စာစောင်များကို ပြသထားရာ ကျောင်းသား ကျောင်းသူများက လေ့လာကြည့်ရှုကြပြီး အထက(ခွဲ) ညောင်အိုင် ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ ဆရာမများ၊အလယ် တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူ ၃၄၈ ဦးခန့် တက်ရောက်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)