ကန့်ဘလူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ    စက်တင်ဘာ    ၆


စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမြတ်ကျော် သည် စက်တင်ဘာ  ၅ ရက် နံနက်ပိုင်းတွင် ကျွန်းလှ မြို့နယ် သဖန်းဆိပ်ရေလှောင်တမံသို့ ရောက်ရှိပြီး     သဖန်းဆိပ်ရေအားလျှပ်စစ်စက်ရုံ  လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုလုပ်ငန်းများ၊ သဖန်းဆိပ်ရေလှောင် တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် ရေပိုလွှဲ တို့ကို ကြည့်ရှုစစ်ဆေးသည်။


ဆက်ကပ်လှူဒါန်း


ထို့နောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်    ကျွန်းလှမြို့   သီတဂူဗုဒ္ဓ တက္ကသိုလ် သံဃာ့ဆေးရုံ ဆရာတော်ကြီးထံ  ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ ကျွန်းလှမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ  ထိန်းချုပ် ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊  ကျန်းမာရေး ဝန်ထမ်းများ၊   ကိုဗစ်-၁၉   ရောဂါ အတည်ပြုလူနာများ နှင့်   လူမှုရေးအသင်းအဖွဲ့များအား    အိမ်သုံး အောက်ဆီဂျင်စက်များ၊   အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉   ရောဂါ    ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့်   ထောက်ပံ့ငွေများကို   တာဝန်ရှိသူများထံ  ပေးအပ်သည်။


ယင်းနောက်    ကျွန်းလှမြို့   ပြည်သူ့ဆေးရုံသို့ ရောက်ရှိကာ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ  အတည်ပြုလူနာများအတွက်   စားသောက် ဖွယ်ရာများ ပေးအပ်သည်။


ဆက်လက်၍   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်   တာဝန်ရှိသူများသည် ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးတွင် သက်ဆိုင်ရာများထံ အိမ်သုံးအောက်ဆီဂျင် စက်များ၊ အောက်ဆီဂျင်အိုးများနှင့် ကာကွယ်ရေး ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း သိရသည်။ 


တိုင်းဒေသကြီး (ပြန်/ဆက်)