ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ ဂဟေဆက်သင်တန်းဆင်း

 

ဘားအံ    ဖေဖော်ဝါရီ   ၁၀


ကရင်ပြည်နယ်အတွင်း   လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေး၊    အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့်     မိသားစုနောင်ရေးအတွက် တစ်နိုင် တစ်ပိုင်           လုပ်ကိုင်စားသောက်     နေထိုင်နိုင်ရေး   ရည်ရွယ်ဖွင့်လှစ် သည့်  ဂဟေဆက် သင်တန်းဆင်းပွဲ ကို     ဖေဖော်ဝါရီ   ၁၀   ရက်က အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာန  ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း    (ဘားအံ)၌ ကျင်းပသည်။

 


သင်တန်းဆင်းပွဲတွင်    ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့် ဦးက   အမှာစကားပြောကြားပြီး     သင်တန်းထူးချွန်ဆု   ရရှိသူများ အား    ဂုဏ်ပြုဆုများ   ပေးအပ် ချီးမြှင့်ကာ ပြည်နယ် လူမှု ရေးရာဝန်ကြီး     ဦးစိုးလွင်က    သင်တန်းဆင်း        အောင်လက်မှတ် များ  ပေးအပ်ချီးမြှင့်သည်။

 


ယမန်နေ့က ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ  အသက် ၈၅ နှစ်နှင့်အထက် အဘိုး၊ အဘွား များအား   ၂၀၂၂-၂၀၂၃   ဘဏ္ဍာ နှစ်    တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်       ထောက်ပံ့ ပေးအပ်သည့်   အခမ်းအနားကို   ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပ ရာ        ပြည်နယ်ဝန်ကြီးချုပ်က   ဘားအံမြို့နယ်ရှိ အသက် ၈၅ နှစ် နှင့်အထက်   အဘိုး   ၆၀၃   ဦး ၊    အဘွား   ၁၀၂၀ စုစုပေါင်း    ၁၆၂၃    ဦးအတွက်       ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်   တတိယ သုံးလပတ် အတွက် လူမှုရေးပင်စင်  ထောက်ပံ့ ငွေကျပ်      ၄၈၆၉၀၀၀၀     ကို ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်ထံ        ထောက်ပံ့ ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရား သူကြီးချုပ်       ဒေါ်ခင်ဆွေထွန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက    အခမ်းအနား သို့ တက်ရောက်လာသော  အဘိုး၊ အဘွားများအား ထောက်ပံ့ငွေနှင့် အာဟာရဖြည့်စွက်  အစားအစာ များ        လက်ရောက်ပေးအပ်ခဲ့သည်။ 


စောမျိုးမင်းသိန်း(ပြန်/ဆက်)