
တိုကျို ဇန်နဝါရီ ၂
ဂျပန်ကမ်းခြေစောင့်တပ် လေယာဉ်နှင့် တိုက်မိပြီး နောက် တိုကျိုမြို့ ဟာနီဒါလေဆိပ်တွင် ဂျပန် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ခရီးသည်အားလုံးနှင့်အမှုထမ်းများကို လေယာဉ် မှ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဂျပန်လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ လေယာဉ် မှာ ဟော့ကိုင်းဒိုးရှိ နယူးချီတိုးဆဲလေဆိပ်မှ ဟာနီဒါ လေဆိပ်သို့ ဦးတည်ပျံသန်းလာသော ခရီးစဉ်အမှတ် ၅၁၆ ဖြစ်ကြောင်း ဂျပန်လေကြောင်းလိုင်းက ပြောသည်။
ထို့ပြင် ကလေးငယ် ရှစ်ဦးနှင့် အမှုထမ်း ၁၂ ဦးအပါအဝင် ခရီးသည် ရာနှင့်ချီကို လေယာဉ်မှ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဂျပန်လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဂျပန်လေကြောင်း လိုင်းလေယာဉ်နှင့်တိုက်မိသော လေယာဉ်မှာ ဟာနီဒါလေဆိပ်မှ ပိုင်ဆိုင်သော MA-722 အမျိုး အစားဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ် တာဝန် ရှိသူများက ပြောသည်။
ကမ်းခြေစောင့်တပ်လေယာဉ်ပေါ်တွင် အမှု ထမ်းခြောက်ဦးပါဝင်ကြောင်း၊ နောက်ဆုံးထွက်ပေါ် လာသော သတင်းများအရ ဂျပန်ကမ်းခြေစောင့် တပ်မှ လေယာဉ်အမှုထမ်းငါးဦး သေဆုံးကြောင်း နှင့် လေယာဉ်မှူးမှာလည်း ပြင်းထန်ဒဏ်ရာရရှိ ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ