ကမ္ဘောဇသာဒီရွှေနန်းတော်တွင်  ရိုးရာဝတ်စုံများဝတ်ဆင်၍ အမှတ်တရဓာတ်ပုံရိုက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထား

 

ပဲခူး    ဇွန်   ၅


အောက်မြန်မာပြည်တွင်  တစ်ခု တည်းသော   မင်းနေပြည်တော် အဖြစ် ထီးနန်းစိုက်ခဲ့ပြီး ယခုထိ တိုင် ပြည်တွင်း ပြည်ပမှ လေ့လာ သူအများအပြား     လာရောက် လေ့လာလျက်ရှိသည့်     မြန်မာ့ သမိုင်းယဉ်ကျေးမှုအမွေအနှစ်များ အား တူးဖော်ထိန်းသိမ်းထားရှိရာ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီ ရွှေနန်း တော်ကြီးသို့ လာရောက်လေ့လာ ကြသူများကို     ရိုးရာဝတ်စုံများ ဝတ်ဆင်၍   အမှတ်တရဓာတ်ပုံ ရိုက်နိုင်ရန်   စီစဉ်ဆောင်ရွက်ပေး ထားကြောင်း သိရသည်။

 


နန်းတော်ဝင်းအတွင်း ဒုတိယ မြန်မာနိုင်ငံတော်ကြီးအဖြစ် စုစည်း ဆောင်ရွက်နိုင်ခဲ့သည့် ဆင်ဖြူများ ရှင် ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြာသာဒ်ဆောင်၊   ဘမရာ သနပလ္လင်     (စက်တော်ခေါ်ရာ အဆောင်)   တို့အား   ရှေးဟောင်း သုတေသနဦးစီးဌာနမှ     ရှေးမူ မပျက်   ပုံစံတူ   ပြန်လည်ဆောက် လုပ်ထားပြီး           ဘုရင့်နောင် မင်းတရားကြီး၏  မိဖုရားခေါင် ခင်ခင်ကြီး၊ ထိုင်းနိုင်ငံမှ ဆက်သ ခဲ့သည့် မင်းသမီး   ဆုပန်ကလျာ  အဆောင်နှင့်   မင်္ဂလာကန်တော် တို့မှာ နေ့စဉ်နှင့်အမျှ လာရောက် လေ့လာကြသူ  များပြားကြောင်း  သိရသည်။

 


လာရောက်လေ့လာ   လည် ပတ်ကြသူများအနေဖြင့် စက်ဘီး စီး၍သော်လည်းကောင်း၊ မြင်းစီး ၍သော်လည်းကောင်း နန်းတော် ဝင်းအတွင်း လှည့်လည်လေ့လာ နိုင်ရန်အတွက် စက်ဘီးနှင့် မြင်း များကိုလည်း ငှားရမ်းစီးနင်းနိုင်ရန် ဆောင်ရွက်ပေးထားပြီး အမှတ် တရ   ဓာတ်ပုံရိုက်နိုင်ရန်     Kan BawZaThadi  မြက်ခင်းပြင်အား ပြုလုပ်ပေးထားကြောင်းနှင့်  အခါ ကြီးရက်ကြီး   နေ့များတွင်လည်း  အမှတ်တရ   ဓာတ်ပုံရိုက်နိုင်ရန်  အထိမ်းအမှတ်  သင်္ကေတပုံများ ပြုလုပ်ပေးလျက်      ရှိကြောင်း သိရသည်။

 


“လာရောက်   လေ့လာလည် ပတ်ကြသူတွေ    ရိုးရာဝတ်စုံနဲ့ နန်းတော်အတွင်း ဓာတ်ပုံရိုက် နိုင်ဖို့ ရိုးရာဝတ်စုံတွေ ငှားရမ်းပေး နေပါတယ်။ ဗမာ၊ ရှမ်း၊ မွန် ဝတ်စုံ ပေါ့။ နောက်   ထိုင်းနဲ့   တရုတ် ဝတ်စုံလည်း ထားရှိပေးထားပါ တယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

 


ဘုရင့်နောင်  မင်းတရားကြီး သည် ဒုတိယမြန်မာနိုင်ငံတော် ကြီးအဖြစ် စုစည်းတည်ထောင်နိုင် ရန် နယ်ပယ်ချဲ့ထွင်ရာတွင် မြန်မာ ပြည်တွင်းမှ   ဒေသများသာမက မျက်မှောက်ကာလ ပြည်ပနိုင်ငံများ ရှိ ဒေသအချို့အား သိမ်းပိုက်နိုင် ခဲ့ကြောင်း၊ ထို့ကြောင့် ဘုရင့်နောင် မင်းတရားကြီး    သိမ်းပိုက်နိုင်ခဲ့ သည့်  ဒေသများအား  လာရောက် လေ့လာကြသူများ     သိရှိစေရန်၊  ကမ္ဘောဇသာဒီ  (ပဲခူး)      သမိုင်း မပျောက်ပျက်စေရန်  ရည်ရွယ်၍    ဘုရင့်နောင်       မင်းတရားကြီး  သိမ်းပိုက်ခဲ့သည့်      ဒေသများရှိ တိုင်းရင်းသားများ၏ ရိုးရာဝတ်စုံ များဖြင့် လာရောက်လေ့လာကြ သူများ   အမှတ်တရဓာတ်ပုံရိုက် နိုင်ရန်    စီစဉ်ပေးထားခြင်းဖြစ် ကြောင်း သိရသည်။

 


နန်းတော်ဝင်း      အတွင်းရှိ ခန့်ညားထည်ဝါသည့်    မြေနန်း ပြာသာဒ်ဆောင်နှင့်  ဘမရာသန ပလ္လင်ဆောင်ကြီးအား နောက်ခံပြု ၍သော်လည်းကောင်း၊   မြေနန်း ပြာသာဒ်ဆောင်     အတွင်းတွင် လည်းကောင်း ရှေးခေတ် နန်းဝတ် နန်းစားဝတ်စုံများဖြင့် အမှတ်တရ ဓာတ်ပုံရိုက်နိုင်ရန်လည်း      စီမံ ဆောင်ရွက်လျက်      ရှိပြီး ဘုရင့်နောင်မင်းတရားကြီးခေတ် နန်းဝတ်နန်းစား ဝတ်စုံများဖြစ်၍ သမိုင်းယဉ်ကျေးမှု   လွဲချော်မှု မဖြစ်စေရန်     သိနားလည်သူ  ပညာရှင်များ၏   အကူအညီရယူ ဆောင်ရွက်လျက်ရှိကြောင်း  သိရ သည်။                   

 

 မောင်ယဉ်ဦး