
ပဲခူး ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီ နန်းတော်သို့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဖြင့် လာရောက်လေ့လာအပန်းဖြေ အနားယူနေကြလျက်ရှိသည်ကို ဒီဇင်ဘာ ၄ ရက်က တွေ့ရသည်။
ကမ္ဘောဇသာဒီ နန်းတော် သည် ဒုတိယမြန်မာနိုင်ငံတော် ကြီးအား စုစည်းတည်ထောင်နိုင် ခဲ့သူ ဘုရင့်နောင်မင်းတရားကြီး ထီးနန်းစိုက်ခဲ့ရာ သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များရှိရာ နေရာတစ်ခုလည်း ဖြစ်သည်။
“ရုံးဖွင့်ရက်တွေမှာ လာ ရောက် လေ့လာအပန်းဖြေ အနား ယူကြသူတွေနည်းပေမယ့် ရုံး ပိတ်ရက်တွေ၊ အခါကြီးနေ့ကြီး ရက်တွေဆို လာရောက်သူတွေ များပါတယ်။ လာရောက် လေ့လာ အပန်းဖြေ အနားယူကြသူတွေ ရောက်ရှိတဲ့ အခိုက်အတန့်မှာ စိတ်အေးချမ်းသာစေဖို့ အတတ် နိုင်ဆုံး ဝန်ဆောင်မှုပေးထားပါ တယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကမ္ဘောဇသာဒီ နန်းတော်သို့ လာရောက် လေ့လာအပန်းဖြေ အနားယူကြသူများ အဆင်ပြေ စေရန် ထိုင်းရိုးရာစားသောက် ဆိုင်၊ မြန်မာရိုးရာစားသောက်ဆိုင်၊ အကင်မျိုးစုံရောင်းချသည့်ဆိုင်၊ ကော်ဖီလက်ဖက်ရည်၊ အအေး မျိုးစုံရောင်းချသည့်ဆိုင်နှင့် အမှတ် တရ ပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ပေးထားသည့် အပြင် နားနေရင်း စာဖတ်လိုသူများ အတွက် သုတ ရသ စာအုပ်၊ စာစောင်မျိုးစုံလည်း ထားရှိပေး ထားကြောင်း သိရသည်။
ကမ္ဘောဇသာဒီ နန်းတော် သို့ လာရောက်လေ့လာ အပန်းဖြေ အနားယူကြသူများ စားသုံးမှုပိုမို အဆင်ပြေစေရန် စားသောက်ဆိုင် များ ထပ်မံထားရှိပေးရန် စီမံ ထားကြောင်းလည်း သိရသည်။
ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီ နန်းတော်ရာတွင် ရှေးမြန်မာ ရှင်ဘုရင်များ အသုံးပြုခဲ့သည့် ရှေးဟောင်းပစ္စည်းများ၊ နန်းတော် တိုင်များအဖြစ် အသုံးပြုခဲ့သည့် တူးဖော်ပြီး ကျွန်းတိုင်လုံးကြီးများ၊ ဘုရင့်နောင်မင်းတရားကြီး စီးနင်း အသုံးပြုခဲ့သည့် မြန်မာမင်းစီး ရထား၏ ပုံစံငယ်နှင့် မူလအတိုင်း အတာများအပြင် အခြားသော လေ့လာစရာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်း များကိုလည်း ယဉ်ကျေးမှုဝန်ကြီး ဌာန ရှေးဟောင်းသုတေသနဦးစီး ဌာနက ပြသထားရာ လေ့လာမှတ် သားစရာများစွာရှိသည့် နေရာ တစ်ခုဖြစ်သည်။
မောင်ယဉ်ဦး