
ဖနောင်ပင် စက်တင်ဘာ ၁၂
ကမ္ဘောဒီးယားဝန်ကြီးချုပ်သစ် ဟွန်မာနက်သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ပထမဆုံးအကြိမ်အဖြစ် တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ သွားမည်ဖြစ်သည်။
ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ် တွင် သံတမန်ဆက်ဆံရေးထူထောင်သည့် (၆၅) နှစ် မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း သိရသည်။ တရုတ် နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် စက်တင် ဘာ ၁၁ ရက်တွင် ပုံမှန်သတင်းစာ ရှင်းလင်းပွဲပြုလုပ် ခဲ့ပြီး တရုတ်ဝန်ကြီးချုပ် လီချန်း၏ ဖိတ်ကြားချက် အရ ဟွန်မာနက်အနေဖြင့် တရုတ်နိုင်ငံသို့ စက်တင် ဘာ ၁၄ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၎င်းတရုတ်နိုင်ငံ၌ ရှိနေစဉ် အတွင်း သမ္မတ ရှီကျင့်ဖျင်သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကို တွေ့ဆုံသွားမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောသည်။
ဝန်ကြီးချုပ်သည် တရုတ် - အာဆီယံ ကုန်စည် ပြပွဲကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါပြပွဲကို ကွမ်ရှီးပြည်နယ်၏ မြို့တော် နန်နင်း၌ ကြာသပတေးနေ့တွင် စတင်သွားရန် စီစဉ် ထားသည်။ ဟွန်မာနက် သည် ဩဂုတ်လတွင် ဝန်ကြီး ချုပ်တာဝန် စတင်ထမ်းဆောင်ပြီးနောက် ၎င်း၏ တရုတ်ခရီးစဉ်မှာ ဒုတိယမြောက် နိုင်ငံရပ်ခြား ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ ၎င်း၏ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်မှာ အာဆီယံထိပ်သီးအစည်း အဝေး ဖြစ်သည်။
ဝန်ကြီးချုပ်သည် လာမည့်လတွင် ပေကျင်းမြို့၌ ကျင်းပမည့် ရပ်ဝန်းနှင့် ပိုးလမ်းမထိပ်သီးအစည်း အဝေးသို့ တက်ရောက်ရန်လည်း စီစဉ်ထားသည်။
အင်န်အိတ်ချ်ကေ