ကမ္ဘောဒီးယားဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ သွားရောက်မည်

 

ဖနောင်ပင်   ဇန်နဝါရီ   ၁၇ 


ကမ္ဘောဒီးယား     ဝန်ကြီးချုပ် ဟွန်ဆန်သည်     လာမည့်လတွင် တရုတ်နိုင်ငံသို့ သွားရောက်လည် ပတ်မည်ဖြစ်ကြောင်း      ကမ္ဘော ဒီးယားအစိုးရက  ကြေညာချက် ထုတ်ပြန်သည်။    ကမ္ဘောဒီးယား ဝန်ကြီးချုပ်၏ ယခုခရီးစဉ်သည်   အာဏာရကွန်မြူနစ်ပါတီ  ခေါင်း ဆောင်အဖြစ်    တရုတ်သမ္မတ     ရှီကျင့်ဖျင်     တတိယသက်တမ်း  သမ္မတတာဝန်    ထမ်းဆောင်ချိန် မှစကာ ပထမဆုံးဖြစ်သည်။

 


အဆိုပါခရီးစဉ်တွင် မြန်နှုန်း မြင့်ရထားလိုင်း တည်ဆောက်ခြင်း အပါအဝင်    ကမ္ဘောဒီးယားနိုင်ငံ အတွက်  အခြေခံအဆောက်အအုံ များ တည်ဆောက်ရန်  နှစ်နိုင်ငံ   ခေါင်းဆောင်များ      ဆွေးနွေးဖွယ် ရှိသည်။  

 


အဆိုပါခရီးစဉ်သည် ဖေဖော် ဝါရီ   ၉  ရက်မှ   ၁၁   ရက်အထိ ကြာမြင့်မည်ဖြစ်သည်။  နိုဝင်ဘာ လက  မြို့တော်   ဖနောင်ပင်နှင့်         တောင်ဘက်     ဆိပ်ကမ်းမြို့ဖြစ် သည့် ဆီဟာနုဗီလီကို ဆက်သွယ် ထားသည့် ကီလိုမီတာ ၁၉၀  ရှည် သော အဝေးပြေးလမ်းကို ဖွင့်လှစ် ခဲ့သည်။ 

 


အဆိုပါ    တည်ဆောက်ရေး အတွက် တရုတ်ကုမ္ပဏီက အမေ ရိကန်ဒေါ်လာ နှစ်ဘီလီယံ မတည် ရင်းနှီးခဲ့သည်။ 
ကမ္ဘောဒီးယားနိုင်ငံ    အတွင်း စီးပွားရေး      ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည့်    အခြားတရုတ် ဦးဆောင်စီးပွားရေး လုပ်ငန်းများ လည်း  လုပ်ဆောင်လျက်ရှိသည်။           


အင်န်အိတ်ချ်ကေ