
ဖနောင်ပင် ဖေဖော်ဝါရီ ၂၀
ယူကျုသမားနှစ်ဦး ကမ္ဘောဒီးယား နိုင်ငံသို့ လာရောက်လည်ပတ်ပြီး ၎င်းတို့ကိုယ်တိုင်ဖန်တီးထားသည့် ပြန်ပေးဆွဲရုပ်သံတစ်ခု၌ ပါဝင်ခဲ့ သည့်အတွက် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က သတင်း မှားနှင့်ပတ်သက်ပြီး သတိပေး ချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။
နိုင်ငံတောင်ပိုင်းရှိ တရားရုံး တစ်ခုက ယူကျုသမားနှစ်ဦးကို လွန်ခဲ့သော သီတင်းပတ်က ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၀၀ စီ ပြစ်ဒဏ်ချမှတ်လိုက်သည်။
ဖေဖော်ဝါရီ ၁၄ ရက်က ၎င်းတို့ ကိုယ်တိုင်ပါဝင်သည့် ပြန်ပေးဆွဲ ဟန် ရုပ်သံတစ်ခုကို တိုက်ရိုက် ထုတ်လွှင့်နေစဉ် အာဏာပိုင်များ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
တရားရုံးက ၎င်းတို့ကို နိုင်ငံ အတွင်းဆူပူမှုကို ဖြစ်စေသည်ဟု ဆိုကာ စွပ်စွဲခဲ့သည်။
ဖေဖော်ဝါရီ ၁၉ ရက်က ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ယူကျုသမားနှစ်ဦးအား ကမ္ဘော ဒီးယားနိုင်ငံကို နှောင့်ယှက်ရန် ကြိုးစားသူများဟု ပြောကြားခဲ့ သည်။
ကမ္ဘောဒီးယားနိုင်ငံမှ လွဲ၍ ၎င်းတို့အလိုရှိရာ အခြားမည်သည့် နေရာမဆို ပုံအတုများ ဖန်တီး ဖော်ပြနိုင်ကြောင်း၊ ၎င်းတို့သည် ကမ္ဘောဒီးယားနိုင်ငံ၏ ဂုဏ်ကျက် သရေကို ဆိုးရွားစွာထိခိုက်စေ ကြောင်း ကမ္ဘောဒီးယားဝန်ကြီး ချုပ်က ပြောကြားခဲ့သည်။
ထို့အပြင် အခြား နာမည် ကြီးရန် မဟုတ်မမှန်နည်းဖြင့် ကြိုးစားသူများသည် အလားတူ ဖြစ်ရပ်နှင့် ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က သတိပေး ပြောကြားလိုက် သည်။
အင်န်အိတ်ချ်ကေ