
ဖနောင်ပင် ဒီဇင်ဘာ ၁၀
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပမည့် (၄၅) နှစ် မြောက် အာဆီယံ-အီးယူ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
၂၀၂၂ ခုနှစ်အာဆီယံ ဥက္ကဋ္ဌဖြစ်သည့် ဝန်ကြီးချုပ် ဟွန်ဆန်သည် ဥရောပကောင်စီဥက္ကဋ္ဌ ရှာလက်စ် မိုက်ကယ်နှင့်အတူ ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ခေါင်းဆောင်များသည် စီးပွားရေးလုပ်ငန်းများ၊ စွမ်းအင်၊ အစား အစာ ဖူလုံမှုနှင့် ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးတိုးတက်မှုများ မြှင့်တင်ရန် စသည်တို့ကို အဓိကဆွေးနွေးသွားဖွယ်ရှိကြောင်း ထုတ်ပြန်ထားသည်။ ခေါင်းဆောင်များသည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ