
ဖနောင်ပင် ဖေဖော်ဝါရီ ၂၃
ကမ္ဘောဒီးယားနိုင်ငံတွင် နေ့စဉ် အိုမီခရွန်ဗိုင်းရပ်စ်ကူးစက် ဖြစ်ပွား မှုများ မြင့်တက်လာသောကြောင့် အသက်သုံးနှစ်နှင့် လေးနှစ်ကလေး များကို တရုတ်ဆီနိုဗက်ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဖေဖော်ဝါရီ ၂၃ ရက်က စတင်ထိုးနှံပေးခဲ့သည်။
အုပ်ထိန်းစောင့်ရှောက်သူများ အကူအညီဖြင့် ကလေးများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ရန် တန်းစီစောင့်ဆိုင်းနေသည်ကို မြို့တော်ဖနောင်ပင်ရှိ ကာကွယ် ဆေးထိုးနေရာများတွင် တွေ့မြင် နိုင်မည်ဖြစ်သည်။ နိုင်ငံတစ်ဝန်း ကလေးငယ်ပေါင်း ၇၀၀၀၀၀ ခန့် ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ပေးရန် ရည်မှန်းထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ရန် လအတော်ကြာ စောင့်ဆိုင်းခဲ့ရ ကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးသည် သမီးလေးကို ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ် ပေးနိုင်မည်ဟု ယုံကြည်ကြောင်း အသက် ၃၀ နှစ်ရှိသူ တော့ချ် ဆရီရို့သ်က ပြောကြားလိုက် သည်။ သမီးဘေးကင်းလုံခြုံရန် အမြဲစိုးရိမ်ပူပန်ခဲ့ရကြောင်း၊ ယခု အခါ ကာကွယ်ဆေးထိုးပြီး ဖြစ်သဖြင့် စိတ်သက်သာရာရခဲ့ ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ကမ္ဘောဒီးယား ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် ပြောရေး ဆိုခွင့်ရှိသူ အော်ဗန်ဒင်းက ကလေး တစ်ယောက်ချင်းစီကို ကာကွယ်ဆေးနှစ်ကြိမ် ထိုးပေး သွားမည်ဖြစ်ကြောင်းနှင့်တစ်ကြိမ် နှင့်တစ်ကြိမ် ၂၈ ရက်ခြားမည် ဖြစ်ကြောင်း ပြောကြားသည်။
အိုမီခရွန်ဗိုင်းရပ်စ်သည် နိုင်ငံ အတွင်း လျင်မြန်စွာ ကူးစက် ဖြစ်ပွားနေသဖြင့် ပြည်သူများကို မပေါ့ဆဘဲ ဆက်လက်သတိထား နေထိုင်ကြရန် ၎င်းက တိုက်တွန်း ထားသည်။ ဖေဖော်ဝါရီ ၂၂ ရက် အထိ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော ကမ္ဘောဒီးယား နိုင်ငံသည် အသက် ငါးနှစ်နှင့် အထက်ကလေး ၁၄ ဒသမ ၄ သန်း ကို ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပေးပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၅၅၈ ဦး ရှိကြောင်းသိရသည်။ ကူးစက် ဖြစ်ပွားသူအားလုံးမှာ အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားခြင်းဖြစ် ကြောင်း အတည်ပြုခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် တစ်ဦးထပ်မံ သေဆုံးမှုနှင့်အတူ သေဆုံးသူ စုစုပေါင်း ၃၀၂၃ ဦး ရှိလာပြီဖြစ် သည်။
ဆင်ဟွာ