ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်းရှိ လူဦးရေ တစ်သန်းခန့် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ၏အန္တရာယ် ခြိမ်းခြောက်ခံနေရ

 

ဖနောင်ပင်   ဇူလိုင်  ၃


မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့် ကမ္ဘောဒီးယား နိုင်ငံ    ကြက်ခြေနီအသင်းတို့၏ လှူဒါန်းမှုများအတွက်   ကမ္ဘော ဒီးယားအစိုးရအား   ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး   အစီအစဉ် (UNDP)  က   ချီးကျူးဂုဏ်ပြုကြောင်း  ဇူလိုင်  ၃  ရက်တွင် ထုတ်ပြန်သည်။

 


ကမ္ဘောဒီးယား  ဝန်ကြီးချုပ် ဟွန်ဆန်၏ မေတ္တာရပ်ခံချက်အရ ကမ္ဘောဒီးယား   နိုင်ငံသားများ စုပေါင်းကာ မြေမြှုပ်မိုင်းရှင်းလင်း ရေးအတွက်   အလှူငွေများကို ဇူလိုင် ၂ရက်က  လှူဒါန်းခဲ့သည်။ 

 


ကုလသမဂ္ဂ  ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်က  ကမ္ဘောဒီးယား အစိုးရ၏ မိုင်းရှင်းလင်းရေး အစီ အစဉ်နှင့်  မိုင်းကြောင့်  ထိခိုက် ခံစားရသူများအား   ကူညီစောင့် ရှောက်ရေး အဖွဲ့အစည်းများအား   ဆက်လက်ပံ့ပိုးကူညီရန် အဆင်သင့်ရှိနေကြောင်း၊      ထို့အတူ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသော  အခန်းကဏ္ဍမှ ပါဝင်    ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်   အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများအား    ဆက်လက်ပူးပေါင်း ကူညီဆောင်ရွက် သွားမည်ဖြစ်ကာ မိုင်းကင်းစင်ရေး အစီအစဉ် ၂၀၂၅ နှင့်   ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် ၂၀၃၀အစီအစဉ်အရ မည်သူ့ကိုမျှ ချန်မထားရေးသည်      အလွန် အရေးကြီးကြောင်း     ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 


ကမ္ဘောဒီးယား   နိုင်ငံသည် စစ်ကျန်မိုင်းနှင့်    ပေါက်ကွဲစေ တတ်သော   ပစ္စည်းများကြောင့် ထိခိုက်မှုများ အဆိုးရွားဆုံး ခံစား ရသည့်  နိုင်ငံများတွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဆယ်စုနှစ်   သုံးစုကြာ  ဖြစ်ပွားခဲ့သည့် ပြည်တွင်းပဋိပက္ခများနှင့်   စစ်ပွဲများမှာ ၁၉၉၈ ခုနှစ်တွင် ပြီးဆုံးခဲ့ပြီး   စစ်ပွဲများမှ  မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့်    ပစ္စည်းအရေအတွက်   ခန့်မှန်းခြေအားဖြင့် လေးသန်းမှ   ခြောက်သန်းခန့်အထိ ကျန်ရှိနေခြင်းဖြစ်သည်။  

 


၁၉၇၉  ခုနှစ်ကစ၍  မိုင်းနှင့် စစ်ကျန်ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကြောင့်    လူပေါင်း ၆၅၀၀၀ ခန့်ကို  ထိခိုက်သေဆုံး ဒဏ်ရာရမှုများ    ဖြစ်ပေါ်စေခဲ့ကြောင်း   ကမ္ဘောဒီးယားနိုင်ငံ မိုင်းရှင်းလင်းရေး   အစီအစဉ်နှင့် မိုင်းကြောင့်ထိခိုက်ခံစားရသူများ ကူညီရေးအဖွဲ့၏   ဒုတိယဥက္ကဋ္ဌ ဖြစ်သူ  လီသပ်ရှ်က ဆိုသည်။

 

 

၁၉၉၂  ခုနှစ်မှ  ၂၀၂၂  ခုနှစ် ဧပြီလအထိ  ကမ္ဘောဒီးယားနိုင်ငံ၏ ဧရိယာ ၂၃၇၉ စတုရန်းကီလိုမီတာ အတွင်းရှိ   မိုင်းအလုံးပေါင်း  ၁ ဒသမ  ၁  သန်း၊  တင့်ကားမိုင်း အလုံးရေ  ၂၆၀၀၀နှင့်  အခြား ပေါက်ကွဲစေတတ်သည့်    စစ်လက်နက်ပစ္စည်း သုံးသန်းခန့်ကို ဖယ်ရှား    ရှင်းလင်းနိုင်ခဲ့သည်။ ထိုသို့     ရှင်းလင်းနိုင်မှုကြောင့် မိုင်းရှင်းလင်းသွားသည့်  နယ်မြေများအတွင်းရှိ လူဦးရေ ၇ ဒသမ ၅  သန်း၏   ဘေးကင်းလုံခြုံမှု အတွက် အကျိုးပြုနိုင်ခဲ့သည်။ 

 


ယခုကဲ့သို့  မိုင်းရှင်းလင်းရေးလုပ်ငန်းများအတွက်       ထူးထူး ခြားခြား   အောင်မြင်မှုများရှိခဲ့ပြီ ဖြစ်သော်လည်း  ကမ္ဘောဒီးယား နိုင်ငံအတွင်း   ကျန်ရှိနေသည့် မိုင်းကွင်းဧရိယာ  ၇၃၆  စတုရန်း ကီလိုမီတာကို   ၂၀၂၅   ခုနှစ် မတိုင်မီ ရှင်းလင်းဖယ်ရှားနိုင်ရန် လိုအပ်နေသေးကြောင်း သပ်ရှ်က  မိုင်းရှင်းလင်းရေးအတွက် ရန်ပုံငွေလှူဒါန်းသူများနှင့်  တွေ့ဆုံစဉ် ပြောကြားခဲ့သည်။      

ဆင်ဟွာ