
ဖနောင်ပင် ဇူလိုင် ၁၄
ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ပြည်ပခရီး သည် တစ်သန်းခန့် ဝင်ရောက်ရန် မျှော်လင့်ထားပြီး ၂၀၂၁ ခုနှစ် အတွင်းက ဝင်ရောက်ခဲ့သည့် အရေအတွက်ထက် နှစ်သိန်းခန့် ပိုမိုဝင်ရောက်မည်ဟု ခန့်မှန်း ထားကြောင်း ခရီးသွားလုပ်ငန်း ဝန်ကြီး သောင်ခွန်းက ဇူလိုင် ၁၄ ရက်တွင် ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း ပြည်ပခရီးသည် ၅၁၀၀၀၀ ဝင်ရောက်ခဲ့ပြီးဖြစ်ရာ ပြီးခဲ့သည့် နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၉၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အများစုမှာ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွား အများဆုံး ဝင်ရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။
အဆိုပါ ကိန်းဂဏန်းများအရ ၂၀၂၂ ခုနှစ်အတွင်း ပြည်ပခရီး သည် တစ်သန်းဝင်ရောက်ရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့် ထားပြီး ၂၀၂၃ ခုနှစ်တွင် ပြည်ပ ခရီးသည် နှစ်သန်းဝင်ရောက်ရန် ရည်မှန်းထားကြောင်း ခရီးသွား လာရေးဝန်ကြီးဌာန အစည်း အဝေးပိတ်ပွဲတွင် ခွန်းက ပြော ကြားသည်။
ခရီးသွား လုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေး အတွက် အဓိကမဏ္ဍိုင်ကြီးလေးရပ် အနက် တစ်ခုဖြစ်ပြီး ၂၀၂၆ ခုနှစ် နှင့် ၂၀၂၇ ခုနှစ်များအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကာလ မတိုင်မီ ၏အခြေအနေသို့ ပြန်လည်ရောက် ရှိရန် မျှော်မှန်းထားသည်။ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ အချက်အလက်များအရ အဆိုပါ ကာလမတိုင်မီ ၂၀၁၉ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံ တကာခရီးသွားဧည့်သည် ၆ ဒသမ ၆ သန်း ဝင်ရောက်ခဲ့သဖြင့် နိုင်ငံ့ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၉၂ ဘီလီယံအထိ ရရှိခဲ့ သည်။
ကမ္ဘောဒီးယား နိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် ပြည်ပခရီးသွား ဝင်ရောက်မှု အတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ ပြီး နယ်စပ်ဝင်/ထွက်ဂိတ်များ ပထမဆုံး ပြန်လည်ဖွင့်လှစ်နိုင် ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားထားသည်။ လက်ရှိ ကမ္ဘောဒီးယားနိုင်ငံ၌ ပြေးဆွဲနေသည့် လေကြောင်းလိုင်း ၂၄ ခုရှိပြီး ပထမနှစ်ဝက်ကာလ အတွင်း ပျံသန်းပြေးဆွဲခဲ့သည့် လေကြောင်းခရီးစဉ်ပေါင်း ၂၂၁၄ ကြိမ်ရှိခဲ့သဖြင့် တစ်နှစ်ထက် တစ်နှစ် ၁၄၁ ရာခိုင်နှုန်း မြင့်တက် လာခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ