ကမ္ဘောဒီးယားနိုင်ငံ၌ ယာဉ်မတော်တဆမှုများကြောင့် နေ့စဉ်ပျမ်းမျှ လေးဦးသေဆုံးဟုဆို

 

ဖနောင်ပင်   ဒီဇင်ဘာ   ၇
ကမ္ဘောဒီးယားနိုင်ငံ၌      ယာဉ်  မတော်တဆဖြစ်ပွားမှုများကြောင့် နေ့စဉ် ပျမ်းမျှ လေးဦးထက်မနည်း သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဆာခေါင်းက ဒီဇင်ဘာ ၇ ရက်တွင် ပြောသည်။ 
သေဆုံးမှု၏ ၇၉ ရာခိုင်နှုန်းမှာ မော်တော်ဆိုင်ကယ်စီးနင်းသူများဖြစ်ပြီး   ၎င်းတို့ထဲမှ  ၇၄  ရာခိုင် နှုန်းမှာ      ဆိုင်ကယ်စီးဦးထုပ် မဆောင်းသောကြောင့်          ဖြစ် ကြောင်း    ယာဉ်မတော်တဆမှု ကြောင့်   ထိခိုက်သေဆုံးသူများ အတွက်  အောက်မေ့ဖွယ်ရာနေ့ အခမ်းအနားတွင်  ဆာခေါင်းက ပြောသည်။ 
ထို့အပြင်       ယာဉ်မတော် တဆမှုဖြစ်ပွားရခြင်း၏     အဓိက အကြောင်းရင်းမှာ   အရှိန်မထိန်း နိုင်ခြင်း၊ လမ်းပြောင်းပြန် မောင်း နှင်ခြင်းနှင့် ကျော်တက်မောင်းနှင် ခြင်းတို့ဖြစ်ကြောင်း      ၎င်းက ဆက်ပြောသည်။     ယာဉ်မတော် တဆမှုဖြစ်ပွားခဲ့ပါက     ဦးထုပ် ဆောင်းထားခြင်းနှင့် ခါးပတ်ပတ် ထားခြင်းက အသက်အန္တရာယ်ကို  ကာကွယ်ပေးကြောင်း ပြောကြား ပြီး မော်တော်ဆိုင်ကယ်စီးနင်းသူများကို       ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြရန်နှင့် ယာဉ်မောင်းသူ များအား  ခါးပတ်များကို မြဲမြံစွာ ပတ်ထားရန်    ကမ္ဘောဒီးယား နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်သူ   ဆာခေါင်းက     တောင်းဆို ထားသည်။ 
ကမ္ဘောဒီးယား     နိုင်ငံသည် ယခုနှစ်      ပထမကိုးလအတွင်း  ယာဉ်မတော်တဆမှုများကြောင့် ၁၃၄၂  ဦး  သေဆုံးကာ  ထိခိုက် ဒဏ်ရာရရှိပြီး    ပြင်းထန်သော အခြေအနေတွင်ရှိသူ ၂၀၀၄ ဦးရှိ ကြောင်း   အမျိုးသားလမ်းဘေး အန္တရာယ်         ကင်းရှင်းရေး ကော်မတီက ပြောသည်။                                                                                            
ဆင်ဟွာ