ကမ္ဘောဒီးယားနိုင်ငံ၌ တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ခံရသူမရှိ

 

 

ဖနောင်ပင်   မေ   ၈
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က စ၍ ကိုဗစ်-၁၉    တတိယအကျော့ ဖြစ်ပွားခဲ့သည့်ကာလမှ  တစ်နှစ် ကျော်အကြာ  မေ  ၇   ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၌  ပထမဆုံး နေ့စဉ် ကိုဗစ်-၁၉ ထပ်မံကူးစက်  ခံရသူ        တစ်ဦးမှမရှိကြောင်း  ဝန်ကြီးချုပ်  ဆမ်ဒက်ဟွန်ဆင်က ပြောကြားသည်။
အဆိုပါရလဒ်သည် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုတိုက်ဖျက် ရေးတွင် ကြီးမားသည့် အောင်မြင် မှုတစ်ရပ်ဖြစ်ပြီး      ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင်       တညီ တညွတ်တည်း ပါဝင်ခဲ့ကြသူများ ကို  အထူးကျေးဇူးတင်ကြောင်း၊ ယင်းမှာ    ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှုန်း   မြင့်မား သည့်အတွက် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင် အောင်မြင်မှု ရရှိခဲ့ခြင်းဖြစ်ပြီး   ထပ်ဆောင်း ကာကွယ်ဆေးထိုးရန်အတွက် ဦးစားပေးအုပ်စုများတွင် ပါဝင်သူ များလည်း ကာကွယ်ဆေး  သွား ရောက်ထိုးနှံကြရန်      ၎င်းက  တိုက်တွန်းပြောကြားလိုက်သည်။
သို့သော်လည်း ကမ္ဘောဒီးယား နိုင်ငံတွင် ကိုဗစ်-၁၉   ရောဂါပိုး လုံးဝ   ကင်းစင်သွားသည်တော့ မဟုတ်၊ လက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၁၉ ဦး  ရှိနေ သေးကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘောဒီးယားနိုင်တွင်  နိုင်ငံ့ လူဦးရေ   ၁၆  သန်းရှိသည့်အနက် လက်ရှိအချိန်အထိ   ကိုဗစ်-၁၉ ကာကွယ်ဆေး       အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးသူမှာ  လူဦးရေ ၁၅ သန်းရှိပြီး     ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ ၁၄ ဒသမ ၂၂ သန်း ရှိပြီဖြစ်ကြောင်း  ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
ကိုဗစ်-၁၉   ကာကွယ်ဆေး ထိုးနှံမှု  မြင့်မားစွာလွှမ်းခြုံနိုင်ပြီ ဖြစ်သည့်အတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာမှစ၍    ကမ္ဘောဒီးယား နိုင်ငံ၏   လူမှုစီးပွားရေးဆိုင်ရာ လုပ်ငန်းများနှင့် နယ်စပ်ခရီးသွားဝင်ရောက်မှုများကို အသွားအလာ ကန့်သတ်    စောင့်ကြည့်မှုများ လုပ်ဆောင်စရာမလိုဘဲ လုပ်ဆောင် နေပြီဖြစ်သည်။ 
ကျန်းမာရေးဝန်ကြီး   ဌာန၏ မှတ်တမ်းများအရ ကမ္ဘောဒီးယား နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လမှ ယနေ့အထိ    ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၃၆၂၆၂  ဦးအနက် ပြန်လည်       ကျန်းမာလာသူ ၁၃၃၁၇၇ ဦး၊ သေဆုံးသူ ၃၀၅၆ဦး ရှိပြီဖြစ်သည်။                   
 ဆင်ဟွာ