
နေပြည်တော် ဇွန် ၃၀
ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာလူမျိုးများ၏ ရိုးရာထုံးတမ်းအစဉ် အလာအခမ်းအနားများ ကျင်းပနိုင်ရန်၊ ထေရဝါဒဗုဒ္ဓသာသနာများ ဖြစ်သောပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာ (၃) ရပ် ထွန်းကား ပြန့်ပွားရန်နှင့် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံဘာသာရေးဆိုင်ရာ ကိစ္စရပ်များ ထာဝရပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကမ္ဘော ဒီးယားနိုင်ငံ၌ မြန်မာဘုန်းတော်ကြီးကျောင်း “အေးငြိမ်းချမ်းသာ”ကို ဆောက်လုပ်လှူဒါန်းနိုင်ရန်အတွက် မြေနေရာလိုအပ်လျက်ရှိရာ ဖနောင်ပင်မြို့ဟောင်းနေရာဖြစ်သော ဥဒေါင်းတောင်ဘုရားအနီးရှိ မြေကွက်အမှတ် (၁၇၇/၁၇၈) ၊ Ampil Rong Village, Preah Sre Commune, Oudong District, Kampong Speu Province, Kingdom of Cambodia တွင် မြေအကျယ်အဝန်း (၃၀၂၀) စတုရန်းမီတာကို အမေရိကန်ဒေါ်လာ(၇၈၀၀၀)ဖြင့် ဝယ်ယူနိုင်ရန်အတွက် အလှူရှင် ဦးအောင်အောင်ဇော် ဥက္ကဋ္ဌ 24 hours Group of Co; Ltd.၊ Myanmar Airways International and Air KBZ Ltd. က ဇွန် ၂၈ ရက်တွင် စေတနာသုံးတန်ထက်သန်စွာဖြင့် လှူဒါန်းသည်။
ဦးအောင်အောင်ဇော်သည် မိုခါမုန်တိုင်းကြောင့် သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်မှ ဒေသခံပြည်သူများ အတွက် ကျပ်သိန်းနှစ်ထောင်လှူဒါန်းခြင်း၊ ကိုဗစ်ကာလတွင် အောက်ဆီဂျင်ထုတ်စက်ကြီးတစ်ခု ဆောက်လုပ်လှူဒါန်းခြင်း၊ ကိုဗစ် ရောဂါ တိုက်ဖျက်ရေးအတွက် အလှူငွေများလှူဒါန်းခြင်း၊ ပြည်သူလူထု အတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းများကို MAI & Air KBZ မှလေယာဉ် များဖြင့် အခမဲ့သယ်ယူပေးခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် ကိုဗစ် ကာလအတွင်း ဝန်ထမ်းများအား လစာများရပ်စဲခြင်း၊ ဖြတ်တောက် ခြင်း၊ အလုပ်မှရပ်စဲခြင်းများကို လုံးဝမပြုလုပ်ခဲ့သည့်အပြင် ရှားပါး စရိတ်အဖြစ် လစာ၏ ၂၅ ရာခိုင်နှုန်းကို အပိုဆောင်းပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံ(ကိုယ်ပွား)