
ဖနောင်ပင် ဇန်နဝါရီ ၂၄
ကမ္ဘောဒီးယားနိုင်ငံ၌ မျောက် ကျောက်ရောဂါဖြစ်ပွားသူ တစ်ဦး ထပ်မံတွေ့ရှိသည့်အတွက် လွန်ခဲ့ သည့် ဒီဇင်ဘာလနောက်ပိုင်း မျောက်ကျောက်ရောဂါဖြစ်ပွားသူ ပေါင်း လေးဦးအထိ ရှိလာပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ပြောသည်။
ပြည်သူ့ကျန်းမာရေးဆိုင်ရာ အမျိုးသားအင်စတီကျု၏ ဓာတ်ခွဲ ခန်းရလဒ်များအရ ဇန်နဝါရီ ၂၃ ရက်တွင် အခြားအမျိုးသားတစ်ဦး မျောက်ကျောက်ရောဂါ ကူးစက် ကြောင်း စစ်ဆေးတွေ့ရှိသည့် အတွက် ကမ္ဘောဒီးယားနိုင်ငံတွင် မျောက်ကျောက်ရောဂါအတည်ပြု ကူးစက်သူပေါင်း လေးဦးအထိ ရှိလာခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောသည်။
မျောက်ကျောက်ရောဂါဗိုင်းရပ်စ် သည် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး တွင် ဗိုင်းရပ်စ်ပိုးရှိပါက မွေးဖွားပြီး သို့မဟုတ် ကိုယ်ဝန်ဆောင်ချိန် အတွင်း မိခင်မှ ကလေးသို့ ကူးစက် နိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။
ဆင်ဟွာ