ကမ္ဘောဒီးယားနိုင်ငံ၌ ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၂၉ ဦးရှိလာ

ဖနောင်ပင်   ဩဂုတ်   ၁၁


ကမ္ဘောဒီးယားနိုင်ငံ၌ ယနေ့တွင် ဒယ်လ် တာဗီဇပြောင်းဗိုင်းရပ်စ်   ကူးစက်ခံရသူ  ၄၄ ဦးကို ထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း  ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း   ၄၂၉  ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။ 


ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ဒေသခံ  ၃၁ ဦး၊  ဗီယက်နမ်နိုင်ငံမှ  ပြန်လာသူ  လုပ်သား ၁၂ ဦးနှင့် မလေးရှားနိုင်ငံမှ ပြန်လာသူ  တစ်ဦးတို့တွင်  ဒယ်လ်တာ ဗီဇပြောင်း   ဗိုင်းရပ်စ်ကူးစက်ခံထားရ ကြောင်း ကမ္ဘောဒီးယားနိုင်ငံပက်စတာ  အင်စတီကျု၏ ဓာတ်ခွဲခန်းမှ စစ်ဆေး ချက်များအရ သိရှိရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။


နိုင်ငံအတွင်း ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများကို      မြို့တော် ဖနောင်ပင်    အပါအဝင်   ကန်ပေါင်စူး၊ ပီရက်ဗီဟီယာ၊ အော်ဒါမန်ချေ၊ ဘန်တီ မန်ချေ၊ ဆီရန်ရိ၊  ကန်ပေါင်သွန်၊ စဗေးရန် နှင့် ကောကုန်ပြည်နယ်များတွင် တွေ့ရှိရ သည်။   အဆိုပါ ဒယ်လ်တာဗီဇပြောင်း   ဗိုင်းရပ်စ်သည်   အခြားကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်များထက်     ရောဂါကူးစက်မှု    ပိုမိုမြန်ဆန်သဖြင့် နိုင်ငံသားများအနေဖြင့် ရောဂါကူးစက်မှု   မခံရစေရေးအတွက်  သတိပြုနေထိုင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ သီးခြားစောင့်ကြည့်မှုခံယူနေသူ များအနေဖြင့် လူအစုအပြုံလိုက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာ ရေးစည်းမျဉ်းများကိုလည်း    လိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကမ္ဘော ဒီးယားကျန်းမာရေးဝန်ကြီး မန်ဘန်ဟန်း က ပြောကြားသည်။ 
နိုင်ငံအတွင်းရှိ ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူများအား မိမိတို့ နေအိမ်တွင် ရောဂါကုသခြင်းကို ခွင့်မပြု ကြောင်းနှင့် ၎င်းဗိုင်းရပ်စ် ကူးစက်ခံရသူ များအနေဖြင့် ဆေးရုံတွင် အနည်းဆုံး ၂၁ ရက်   တက်ရောက်ကုသရမည်ဖြစ်ပြီး ဆေးရုံဆင်းပြီးသည့်အချိန်တွင် နေအိမ်၌  ၁၄ ရက် သီးခြားစောင့်ကြည့်မှုခံယူရမည် ဖြစ်ကြောင်း     ကျန်းမာရေးဝန်ကြီးက ယမန်နေ့တွင် ပြောကြားသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ