ကမ္ဘောဒီးယားနိုင်ငံ၌ ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၆၅ ဦးရှိလာ

ဖနောင်ပင်   ဩဂုတ်   ၃


ကမ္ဘောဒီးယားနိုင်ငံ၌ ယနေ့တွင် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၂  ဦးကို    ထပ်မံ တွေ့ရှိသဖြင့် နိုင်ငံအတွင်း အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၆၅  ဦး       ရှိလာကြောင်း ကျန်းမာရေး      ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အော်ဗန်ဒိုင်း က ယနေ့ပြောကြားသည်။ 


၎င်းဗိုင်းရပ်စ် ထပ်မံတွေ့ရှိသူ များအနက် ဖနောင်ပင်မြို့တော် တွင် ငါးဦး၊ ဆီရန်ရိပြည်နယ်တွင် ၁၈ ဦး၊  အော်ဒါမန်ချေပြည်နယ် တွင် ၁၅ ဦးနှင့်   ကန်ပေါင်သွန် ပြည်နယ်တွင်   လေးဦးတို့ကို အသီးသီးတွေ့ရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။ မိမိတို့ပတ်ဝန်း ကျင်တွင် ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်သည်  ပျံ့နှံ့လျက်ရှိပြီး ၎င်းဗိုင်းရပ်စ် အမျိုးအစားသည် မူလဗိုင်းရပ်စ်များထက် ကူးစက် မှုနှုန်းမြန်ဆန်ကြောင်း အော်ဗန် ဒိုင်းက ပြောကြားသည်။


 ဖနောင်ပင်     မြို့တော်နှင့် ပြည်နယ် ကိုးခုတွင် ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ်     ပျံ့နှံ့နေ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။ 


လူအစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရခြင်းမှ ကာကွယ်ရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ သီးခြားခွဲခြားစောင့်ကြည့် မှုခံယူနေသူများ      အနေဖြင့် ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာကြရန်  အော်ဗန်ဒိုင်းက ပြောကြားသည်။ 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ