
ဖနောင်ပင် ဒီဇင်ဘာ ၂
ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကော ရှေးဟောင်းသုတေသန ဥယျာဉ်သို့ ယခုနှစ် ၁၁လအတွင်း နိုင်ငံခြားခရီးသွားပေါင်း ၂၂၅၁၉၁ ဦး လာရောက်လည်ပတ်ပြီး လက်မှတ်ရောင်းချရငွေများမှ အမေရိကန် ဒေါ်လာ ၉ သန်း ဝင်ငွေရရှိခဲ့သည်ဟု နိုင်ငံပိုင် အန်ကောလုပ်ငန်းက ဒီဇင်ဘာ ၂ ရက်တွင်ပြောသည်။ နိုဝင်ဘာလ တစ်လတည်းတွင်ပင် အဆိုပါ ရှေးဟောင်းသုတေသနဥယျာဉ်သို့ နိုင်ငံခြားသားခရီးသွားဦးရေ ၅၅၆၄၂ ဦး လာရောက်လည်ပတ်ပြီး လက်မှတ်ရောင်းချရငွေမှ အခွန် ငွေ ၂ ဒသမ ၂၅ သန်း လက်ခံရရှိခဲ့သည်ဟု ကြေညာချက်အရ သိရသည်။
၄၀၁ စတုရန်းကီလိုမီတာ အကျယ်ရှိ အန်ကော ရှေးဟောင်း သုတေသနဥယျာဉ်မှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်ပြီး ခရီးသွားများကို အများဆုံး ဆွဲဆောင်နိုင်သည့် နေရာတစ်ခုလည်းဖြစ် သည်။ ကိုဗစ် -၁၉ ကပ်ရောဂါမတိုင်မီကာလ ၂၀၁၉ ခုနှစ်တွင် အန်ကောဥယျာဉ်သို့ နိုင်ငံတကာ ခရီးသွား ၂ ဒသမ ၂ သန်း လာရောက်လည်ပတ်ခဲ့ပြီး လက်မှတ်ရောင်းရငွေမှ အခွန်ငွေ ၉၉ သန်း ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါ ဥယျာဉ်အတွင်းသို့ တစ်နေ့တာ လာရောက်လည်ပတ်ခမှာ အမေရိကန် ဒေါ်လာ ၃၇ ဒေါ်လာဖြစ်ပြီး သုံးရက်ကြာလည်ပတ်ပါက ၆၂ ဒေါ်လာ ဖြစ်သည်။ တစ်ပတ်တာလည်ပတ်ပါက အမေရိကန် ဒေါ်လာ ၇၂ ဒေါ်လာ ဖြစ်သည်ဟု သိရသည်။
ဆင်ဟွာ