
နေပြည်တော် ဩဂုတ် ၁၉
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် ကမ္ဘောဒီးယားနိုင်ငံအစိုးရနှင့် ပြည်သူများက အထောက်အကူပြု ဆေးပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည်။
အခမ်းအနား၌ ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေး ဝန်ကြီး Professor Mam Bunheng က မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ Samdech Akka Moha Sena Padei Techo Hun Sen ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ နှုတ်ခွန်းဆက်အမှာစကားကို တစ်ဆင့်ပြောကြားလို ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူအားလုံးကိုလည်း ကိုဗစ်-၁၉ ကပ်ရောဂါမှ
c ရှေ့ဖုံးမှ
အောင်မြင်စွာကျော်လွှားနိုင်ပြီး ကျန်းမာ ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါ ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာ နိုင်ငံသည် နှစ်ကာလကြာရှည်စွာ ညီအစ်ကိုမောင်နှမဆက်ဆံရေး တည်ရှိ ပြီး အာဆီယံအသိုက်အဝန်းမှတစ်ဆင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများတွင် ကောင်းမွန် သော ပူးပေါင်းဆောင်ရွက်မှုများရှိပါ ကြောင်း။
ပေးပို့လှူဒါန်းခြင်းဖြစ်
ယနေ့အချိန်တွင် တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာ ရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ကြုံတွေ့နေရာတွင် ကမ္ဘောဒီးယား နိုင်ငံနှင့် ပြည်သူများမှ ညီအစ်ကိုမောင်နှမ ကဲ့သို့ စည်းလုံးညီညွတ်သော စိတ်ထား ဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အထောက်အပံ့ အနေဖြင့် ယခုကဲ့သို့ ဆေးပစ္စည်းများကို ပေးပို့လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ မိမိ အနေဖြင့် ကမ္ဘောဒီးယား- မြန်မာ နှစ်နိုင်ငံ ရင်းနှီးမှုနှင့် ချစ်ကြည်စွာပူးပေါင်းမှုမှ တစ်ဆင့် နှစ်နိုင်ငံစည်းလုံးညီညွတ်မှု၊ လူမှု စီးပွားတိုးတက်မှုများသာမက ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက် မှုများပါ ဆောင်ကြဉ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ယနေ့အခမ်း အနားသို့ တက်ရောက်လာသော ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်တကွ တာဝန်ရှိသူများနှင့် မြန်မာ ပြည်သူအားလုံးအား ကျန်းမာပျော်ရွှင်၍ အောင်မြင်ပါစေကြောင်း ဆုမွန်တောင်း ပါကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးက ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းထံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် အထောက်အကူပြု ဆေးပစ္စည်းများ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ယခုလှူဒါန်းမှု များသည် မိမိတို့နိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်နိုင်ရေး ကျန်းမာရေး စောင့်ရှောက်မှုများပေးရာတွင် များစွာ အထောက်အကူဖြစ်စေပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံ၏ ကောင်းမွန်သည့် ချစ်ကြည်ရေး ပြယုဂ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ပြီးခဲ့ သည့် တစ်နှစ်ခွဲအတွင်း မိမိတို့သည် ကိုဗစ်-၁၉ ကပ်ရောဂါ၏ မမျှော်လင့်သော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပါကြောင်း၊ လတ်တလောကာလတွင်လည်း ၎င်း ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်း Delta အမျိုး အစား ဗိုင်းရပ်စ်ပိုးကြောင့် ရင်ဆိုင်ရသည့် အခက်အခဲများမှာ ပိုမိုပြင်းထန်လာပါ ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေး ဝန်ကြီး၏ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ ထောက်ပံ့မှု များပေးနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက် ချက်များသည် မိမိတို့နိုင်ငံအား များစွာ အထောက်အကူဖြစ်သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း။
ယနေ့ အခမ်းအနားတွင် ပါးစပ်နှင့် နှာခေါင်းစည်း သုံးသန်း၊ COVID-19 AG sets ၅၀၀၀၀၀၊ တစ်ကိုယ်ရေ ရောဂါ ကာကွယ်ရေးဝတ်စုံ(PPE) ၂၀၀၀၊ Oxygen Concentrators ၁၀၀ ခု၊ Ventilator Machines ၂၀၊ Patient Monitors and accessories အစုံ ၂၀ လက်ခံရရှိပါ ကြောင်း၊ အဆိုပါပစ္စည်းများသည် အာဆီယံ လူသားချင်းစာနာထောက်ထား မှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟို ဌာနမှတစ်ဆင့် လှူဒါန်းသည့် အမေရိကန် ဒေါ်လာ ၁၀၀၀၀၀ နှင့် ကမ္ဘောဒီးယားနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံအစိုးရသို့ လှူဒါန်း သည့် အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ တို့အား ထပ်မံပံ့ပိုးလှူဒါန်းခြင်းဖြစ် ကြောင်း။
ကယ်တင်နိုင်မည်
ထိုသို့ ရင်းနှီးချစ်ကြည်စွာ လှူဒါန်းမှု များကြောင့် မြန်မာနိုင်ငံတွင် ကပ်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်းမှ တိုက်ပွဲဝင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ အား ထိရောက်စွာ ပံ့ပိုးပေးနိုင်မည့်အပြင် နိုင်ငံတစ်ဝန်းရှိ အသက်ပေါင်းများစွာ ကိုလည်း ကယ်တင်နိုင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့် ကျန်းမာရေးဝန်ကြီးတို့၏ ဦးဆောင်မှုဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါတုံ့ပြန်ရေးတွင် ထိရောက် သော လုပ်ဆောင်နိုင်မှုများ တွေ့မြင်ရ သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း။
ကျေးဇူးတင်ရှိ
ယခုလှူဒါန်းသည့် ဆေးပစ္စည်းများ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေး မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံရုံးက ညှိနှိုင်းလုပ်ဆောင်ပေးမှုများ အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့လှူဒါန်းပေးအပ်ပွဲ ဖြစ်မြောက်ရေး အတွက် အားကြိုးမာန်တက် ဆောင်ရွက် ပေးကြပါသော နှစ်နိုင်ငံဘက်မှ တာဝန် ရှိသူများနှင့် ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာ နိုင်ငံအထိ လာရောက်လှူဒါန်းပေးသော တာဝန်ရှိသူများအားလုံး ကျေးဇူးတင်ရှိပါ ကြောင်း။
ကျန်းမာသော အနာဂတ်ရရှိပိုင်ဆိုင် နိုင်ရေးအတွက် ဒေသတွင်းနိုင်ငံများမှ ကိုဗစ်-၁၉ ကပ်ရောဂါအား တိုက်ဖျက်ရာ တွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကပ်ရောဂါအား ထိန်းချုပ်ကာကွယ်နိုင် မည်ဟု ယုံကြည်ပါကြောင်း၊ မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ ပြည်သူများအားလုံး COVID-19 ကပ်ရောဂါမှ ကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန် ကောင်း တောင်းအပ်ပါကြောင်း ပြောကြား သည်။
လာရောက်ပို့ဆောင်ခဲ့
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘော ဒီးယားနိုင်ငံအစိုးရက လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများကို အထူး လေယာဉ် သုံးစင်းဖြင့် ယနေ့နံနက်ပိုင်း တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ် သည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး ကမ္ဘောဒီးယား နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
သတင်းစဉ်