
ဖနောင်ပင် ဖေဖော်ဝါရီ ၂၈
ကမ္ဘောဒီးယားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၃၅၆ ဦးရှိလာ သောကြောင့် နိုင်ငံအတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁၃၀၂၇၆ ဦး ရှိလာပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြလိုက်သည်။
အသစ်ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၃၄၂ ဦးမှာ ပြည်တွင်းကူးစက်ဖြစ်ပွားမှုဖြစ်ပြီး ၁၄ ဦးမှာ ပြည်ပကူးစက်မှုဖြစ်သည်။ ကူးစက်ဖြစ်ပွားသူ အားလုံးမှာ အိုမီခရွန်ဗီဇပြောင်း မျိုးစိတ်သစ်ကူးစက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က အတည်ပြုဖော်ပြခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် အသစ် ထပ်မံသေဆုံးသူမရှိသည့်အတွက် ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ယခင်ဖော်ပြထားသည့် ၃၀၃၂ ဦး သာ ရှိသည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူ ၄၁၉ ဦးရှိသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာသူပေါင်းမှာ ၁၂၃၇၇၂ ဦးဖြစ်သည်။ ပထမဆုံး အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသည့်နေ့မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်ဖြစ်သည်။ ဂါနာမှ ပြန်လာသော ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးဖြစ်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆန်ဒက်တက် ချိုဟွန်ဆမ်က အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူများအနေဖြင့် နေအိမ်တွင်သာ ကုသမှုခံယူလိုပါက အစိုးရအနေဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံ ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံတွင် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီမှစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး မှုကို စတင်ခဲ့သည်။ တရုတ်နိုင်ငံသည် အဓိက ကာကွယ်ဆေးဖြန့်ဝေပေးသူဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ် ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပေးပြီးသူပေါင်းမှာ ၁၄ ဒသမ ၅၆ သန်းရှိပြီး လူဦးရေ ၁၆ သန်းရှိသည့် အနက် ၉၁ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးပြီးပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ အော်ဗန်ဒင်းက ပြောကြားလိုက် သည်။ နိုင်ငံအတွင်း ထိုးပေးခဲ့သော ကိုဗစ်-၁၉ ကာကွယ်ဆေးများမှာ တရုတ်နိုင်ငံ၏ ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ဆီနိုဖမ်းကိုဗစ်-၁၉ ကာကွယ်ဆေးများဖြစ်သည်။
ဆင်ဟွာ