ကမ္ဘောဒီးယားအစိုးရတွင် ယခုနှစ် စက်တင်ဘာလအထိ ပြည်သူ့ကြွေးမြီ ကန်ဒေါ်လာ ၉ ဒသမ ၄၇ ဘီလီယံရှိဟုဆို

 

ဖနောင်ပင်    ဒီဇင်ဘာ   ၁၃


ကမ္ဘောဒီးယားအစိုးရတွင် ယခုနှစ် စက်တင်ဘာလ အထိ ပြည်သူ့ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၇ ဘီလီယံရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၁၃ ရက် ထုတ်ပြန်သော ပြည်သူ့ကြွေးမြီ စာရင်းအင်း ထုတ်ပြန်ချက်အရ သိရသည်။ 

 


ပြည်သူ့ကြွေးမြီစာရင်းတွင်     နှစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး  မိတ်ဖက်နိုင်ငံများထံမှ  ၆၈  ရာခိုင် နှုန်းနှင့် ဘက်စုံဖွံ့ဖြိုးဆဲ မိတ်ဖက်များထံမှ  ၃၂  ရာခိုင်နှုန်းပါဝင်ကြောင်း အဆိုပါ   ထုတ်ပြန်ချက်အရ   သိရသည်။ ယခုနှစ် ဇန်နဝါရီလနှင့် စက်တင်ဘာလ အတွင်း   ကမ္ဘောဒီးယားအစိုးရသည်   ဖွံ့ဖြိုးဆဲ မိတ်ဖက်များနှင့်    စုစုပေါင်း  အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၁ ဘီလီယံရှိ သက်သာသော ချေးငွေ အသစ်များကို စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ 

 


ထပ်မံချေးယူသော ငွေများကို ရေရှည်တည်တံ့ သော စီးပွားရေးတိုးတက်မှုနှင့် စီးပွားရေးကုန်ထုတ် စွမ်းအားကို မြှင့်တင်ပေးမှုကဲ့သို့ ဦးစားပေးသတ်မှတ် ထားသည့်   ကဏ္ဍများရှိ    ပြည်သူ့ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများတွင်       မတည်ထောက်ပံ့သွားမည်ဟု ဆိုသည်။ 

 


ယခုနှစ် ပထမကိုးလအတွင်း ကမ္ဘောဒီးယား အစိုးရအနေဖြင့်     နှစ်နိုင်ငံ    ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်နိုင်ငံများထံ   အမေရိကန်ဒေါ်လာ   ၃၁၁ ဒသမ ၆ သန်း၊  ဘက်စုံဖွံ့ဖြိုးဆဲမိတ်ဖက်များထံ      အမေရိကန်ဒေါ်လာ ၉၂ ဒသမ ၅ သန်းနှင့်အတူ  ပြည်သူ့ကြွေးမြီပမာဏ ၄၀၄ ဒသမ ၅ သန်းသာ ဆပ်နိုင်ခဲ့သည်ဟု စာရင်းအင်း ထုတ်ပြန်ချက်အရ   သိရသည်။                                        

ဆင်ဟွာ