ကမ္ဘောဒီးယားအာဏာရပါတီ  ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် အနိုင်ရနိုင်

 

 

ဖနောင်ပင်   ဇွန်   ၆ 
ဝန်ကြီးချုပ် ဟွန်ဆန်  ဦးဆောင် သော  ကမ္ဘောဒီးယား အာဏာရ ပါတီသည်    ဇွန် ၅ ရက်  ဒေသ ဆိုင်ရာ ရွေးကောက်ပွဲများတွင်   အပြတ်အသတ်     အနိုင်ရရှိနိုင် ကြောင်း ခန့်မှန်းခဲ့သည်။ 
ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်း ဒေသန္တရ    အုပ်ချုပ်ရေးကောင်စီ ၁၆၀၀  ကျော်ရှိ   အဖွဲ့ဝင်များကို ရွေးချယ်ရန်     မဲဆန္ဒရှင်များက ဆန္ဒမဲများ   ပေးခဲ့သည်။  ကမ္ဘော ဒီးယား ပြည်သူ့ပါတီသည်ကောင်စီ  ၉၀  ရာခိုင်နှုန်းကျော်ကို  အနိုင် ရနိုင်ကြောင်း အာဏာရပါတီနှင့်  အတိုက်အခံ ပါတီ   သတင်းရင်းမြစ် များတွင် ဖော်ပြသည်။ 
နိုင်ငံရွေးကောက်ပွဲ  ကော် မရှင်သည်     တရားဝင်မဲရလဒ် များကို    ဇွန်လနှောင်းပိုင်းတွင် ထုတ်ပြန်မည်ဖြစ်သည်။ 
ကောင်စီ ရွေးကောက်ပွဲများ သည်   အချိုးကျကိုယ်စားပြုစနစ် ဖြစ်ပြီး    ငါးနှစ်တစ်ကြိမ်   ကျင်းပ လေ့ရှိသည်။                   ဆင်ဟွာ