ကမ္ဘာ့ဝါဂွမ်းသုံးစွဲမှု၊ စိုက်ပျိုးထုတ်လုပ်မှုနှင့် မြန်မာ့ဝါဂွမ်းသမိုင်း အကျဉ်းချုပ်

Type
5

 

ဒေါက်တာချစ်
 

ဝါဂွမ်းသုံးစွဲမှု
ကမ္ဘာ့ဝါဂွမ်းသုံးစွဲမှုသည်    တိုးတက်များပြားလာ သည်။ တိုးတက်မှုနှုန်းသာလျှင်   ပုံမှန်မဟုတ်ချေ။ ဝါဂွမ်းသုံးစွဲမှုပမာဏသည် ဒေသအလိုက်    ခြားနား သည်။ တရုတ်၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ပါကစ္စတန်နှင့်   တူရကီနိုင်ငံတို့သည်   ကမ္ဘာ့ဝါဂွမ်း သုံးစွဲမှု ပမာဏ၏ ၆၆ ရာခိုင်နှုန်းခန့်ကို ၁၉၉၉-၂၀၀၀ ပြည့်နှစ်တွင် သုံးစွဲခဲ့သည်။  ဒေသအလိုက် ဝါဂွမ်းသုံးစွဲမှုပမာဏ အတိုးအလျော့သည် ချည်မျှင် တု ဈေးနှုန်းဖြင့် ပြိုင်ဆိုင်ရခြင်း၊   ကမ္ဘာ့စီးပွားရေး၊ အထည်ရက်လုပ်မှုနှင့်   ရောင်းချမှုဆိုင်ရာ    မူဝါဒ စသည်တို့အပေါ်တွင် တည်နေသည်။
ဝါဂွမ်းကို ၁၇၈၃ ခုနှစ်တွင် အထည်ရက်လုပ်ရာတွင် ၄ ဒသမ ၅ ရာခိုင်နှုန်းသာ သုံးစွဲခဲ့ပြီး သိုးမွေး ၇၇ ရာခိုင်နှုန်းနှင့် လျှော် ၁၈ ဒသမ ၅ ရာခိုင်နှုန်းသုံးစွဲခဲ့ သည်။ ၁၈၈၃ ခုနှစ်တွင် ဝါဂွမ်းကို ၇၃ ရာခိုင်နှုန်း သုံးစွဲပြီး သိုးမွေး ၂၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် လျှော် ၆ ဒသမ ၅ ရာခိုင်နှုန်းသုံးစွဲခဲ့သည်။ ၁၉၅၀ ပြည့်နှစ် ရောက်သောအခါ ဝါဂွမ်းကို ၈၄ ရာခိုင်နှုန်း၊ သိုးမွေး ၁၂ ရာခိုင်နှုန်းနှင့် လျှော် ၄ ရာခိုင်နှုန်း သုံးစွဲခဲ့သည်။ ဝါဂွမ်းသည် အဝတ်အထည်လုပ်ငန်းတွင်    အဓိက ကုန်ကြမ်းဖြစ်သည်။   ၁၉၄၀  ပြည့်နှစ်မှစ၍ ပေါ်ပေါက်လာသော ချည်မျှင်တု၊ ရေယွန်၊ နိုင်လွန် တို့နှင့်  ဝါဂွမ်းချည်သည်  ယှဉ်ပြိုင်လာခဲ့ရာ  ၁၉၇၀ ပြည့်နှစ်မှစ၍ ချဉ်မျှင်တုများ၏ ဈေးနှုန်းချိုသာလာ သောကြောင့် ဝါချည်ကို သုံးစွဲမှုမှာ တဖြည်းဖြည်း လျော့နည်းလာသည်။ ဤသို့ဖြင့်   အဝတ်အထည် ရက်လုပ်ငန်းတွင် ဝါချည်ကို သုံးစွဲမှုမှာ ၁၉၈၆ ခုနှစ် တွင် ၄၅ ဒသမ ၅၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၉၉၁ ခုနှစ် တွင် ၄၉ ရာခိုင်နှုန်း၊ ၁၉၉၆ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်း၊ ၁၉၉၈ ခုနှစ်တွင် ၄၁ ဒသမ ၄ ရာခိုင်နှုန်း၊ ၁၉၉၉ ခုနှစ်တွင် ၄၀ ဒသမ ၉ရာခိုင်နှုန်းနှင့် ၂၀၀၀ ပြည့်နှစ် တွင် ၄၀ ဒသမ ၇ ရာခိုင်နှုန်းသို့   တဖြည်းဖြည်း ကျဆင်းလာသည်။ ယခုခေတ်တွင် ဝါဂွမ်းချည်သည် ဈေးနှုန်းသက်သာလာသော        ပိုလီယက်စတာ ချည်မျှင်တုနှင့် ယှဉ်ပြိုင်နေရသည်။ ဈေးနှုန်းသာမက အထည်အလိပ်  ကူးသန်းရောင်းဝယ်မှု   မူဝါဒ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စက်မှုလုပ်ငန်းများ ထူထောင် မှု၊ လူတို့၏ဝတ်ဆင်မှုပုံစံ  (အသင့်ချုပ်ပြီး အထည် များ၊ ဖိုးရိုးဖားရားအထည်များ  လူကြိုက်များလာမှု)ပြောင်းလဲလာမှု စသည်တို့ကြောင့် ပါဝါချည်သုံးစွဲ မှုလျော့နည်းလာရသည်။ သို့ရာတွင် ဖွံ့ဖြိုးပြီး  နိုင်ငံ များ၌မူ လူတို့သည် ဝါချည်ထည်ကို    အထူးနှစ်သက် လာကြသည်။    ထို့ကြောင့် ၂၀၁၀ ပြည့်နှစ်အထိ ဝါဂွမ်းသုံးစွဲမှုသည် တစ်ရာခိုင်နှုန်း  တိုးတက်နေပြီး အထည်အလိပ်လုပ်ငန်းအတွက် ဝါချည်သည် ၃၇ ရာခိုင်နှုန်းခန့်ပါဝင်နေမည်ဟု ခန့်မှန်းကြသည်။
ကမ္ဘာတွင်     ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်သော နိုင်ငံက ထွက်သမျှကို ပြည်တွင်း၌   ကုန်အောင်မသုံး စွဲနိုင်သကဲ့သို့ ဝါဂွမ်းသုံးစွဲနေရသော နိုင်ငံကလည်း မိမိပြည်တွင်း၌ ဝါဂွမ်းကို စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း မရှိကြချေ။ ထို့ကြောင့်   ဝါဂွမ်းကူးသန်းရောင်းဝယ်မှု သည် အထူးအရေးကြီးသည်။ ကမ္ဘာ့ဝါဂွမ်းပမာဏ၏ ၃၀ ရာခိုင်နှုန်းခန့်သည်   နယ်ကျော်၍    ကူးသန်း ရောင်းဝယ်ကြသည်။ ထိုပမာဏသည် ဂျုံ၊ ပြောင်းဖူး၊ ပဲပုပ်စေ့၊ ဆန်စပါး၊ သီးနှံတို့ထက်  များပြားသည်။
ကမ္ဘာ့ဝါဂွမ်း စိုက်ပျိုးထုတ်လုပ်မှု
ဝါစိုက်ပျိုးသောဧရိယာသည် အကြောင်းအမျိုး မျိုးကြောင့်   အတိုးအလျော့ရှိခဲ့သည်။    သို့ရာတွင် လွန်ခဲ့သော ၈၈ နှစ်အတွင်း အနည်းဆုံး ဧက ၆၃ သန်းမှ  အများဆုံး ဧက ၈၉ သန်းအတွင်း   စိုက်ပျိုး ခဲ့သည်။ တစ်ဧကအထွက်နှုန်းသည် ၁၅၅ ပိဿာမှ ၄၄၅ ပိဿာအထိ တိုးတက်လာသည်။ အထွက်နှုန်း တိုးတက်လာမှုနှင့် ဧရိယာတိုးတက်လာမှုတို့ကြောင့် ကမ္ဘာ့စုစုပေါင်း ဂွမ်းအထွက်နှုန်းသည်လည်း ၅၀၂၅ တန်မှ ၁၈၈၈၇ တန်သို့ တိုး၍လာကြောင်း တွေ့ရ သည်။ အထွက်နှုန်းသည် အဓိကအားဖြင့် နည်းပညာ နှင့် သွင်းအားစု သုံးစွဲနိုင်မှုကြောင့်ဖြစ်သည်။
ဝါစိုက်ပျိုးမှုသည် ဒေသအလိုက်  အတိုးအလျော့ များရှိသည်။ သိသာစွာတိုးချဲ့ စိုက်ပျိုး သောနိုင်ငံများ မှာ    အာဖရိကအနောက်ခြမ်းမှ   ပြင်သစ်စကား ပြောသောနိုင်ငံများ ဘီနင်၊ ချက်ဇ်၊    မာလီ၊ တိုဂို၊ ဘာကီနာဖာဆို၊   ကုတ်ဒီအိုင်ဗိုရီ၊ ဥရောပသမဂ္ဂမှ ဂရိနှင့် စပိန်၊     အရှေ့အာရှမှ  ဩစတြေးလျ၊ တောင်အာရှမှ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ ပါကစ္စတန် ၊ အရှေ့အလယ်ပိုင်းမှ အီရန်၊ ဆီးရီးယား တို့ဖြစ်ကြသည်။ တစ်ဖန်  သိသာစွာ    လျော့နည်း စိုက်ပျိုးလာသောဒေသများမှာ    ဥရောပတိုက် အလယ်ပိုင်းနိုင်ငံများ၊ တရုတ်နိုင်ငံ၊ အာဖရိကတိုက် မြောက်ပိုင်းနိုင်ငံများ၊ ယခင်ဆိုဗီယက် ပြည်ထောင်စု နိုင်ငံများ၊ အမေရိကတိုက် တောင်ပိုင်းနိုင်ငံများ၊ အမေရိကတိုက်မြောက်ပိုင်းနိုင်ငံတို့ ဖြစ်ကြသည်။ အဓိကလျော့နည်းစိုက်ပျိုးသော    နိုင်ငံများမှာ တရုတ်၊ ဘရာဇီး၊ မက္ကဆီကို၊ အီဂျစ်၊ ကိုလံဘီယာ၊ ဆူဒန်၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယားနှင့် အစ္စရေးတို့ ဖြစ်ကြသည်။ ၁၉၈၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ် အထိ အနှစ် ၂၀ အတွင်း စိုက်ဧရိယာ ၃ ဒသမ ၅၃ ရာခိုင်နှုန်း လျော့နည်းသွားသည်။
၁၉၉၉-၂၀၀၀ ပြည့်နှစ်တွင်    စိုက်ပျိုးဧရိယာ အများဆုံး ၂၉ ဒသမ ၈ သန်း ဧက စိုက်ပျိုးသော ဒေသမှာ     တောင်အာရှဒေသဖြစ်ပြီး    တစ်ဧက ဝါထွက်အများဆုံး ၁ဝ၅၉ ပိဿာ ဖြစ်သော ဒေသမှာ အရှေ့အာရှဖြစ်သည်။ တစ်ဧကဝါထွက်နှုန်း အများ ဆုံး ၁၂၆၆ ပိဿာ (ဂွမ်း ၁၆၆၅ ကီလို)ဟက်တာ ဖြစ်သောနိုင်ငံမှာ   ဩစတြေးလျဖြစ်ပြီး      ဒုတိယ အများဆုံး ၁၂၃၅ ပိဿာ (ဂွမ်း ၁၆၂၄ ကီလိုဟက်တာ) ဖြစ်သောနိုင်ငံမှာ   အစ္စရေးဖြစ်သည်။   စုစုပေါင်း ဂွမ်းထွက်တန်ချိန်အများဆုံး ၃ ဒသမ ၈ သန်း ထွက်ရှိသောနိုင်ငံမှာ တရုတ်ဖြစ်သည်။ အမေရိကန် နိုင်ငံသည် ၃ ဒသမ ၇  သန်း၊  အိန္ဒိယနိုင်ငံသည် ၂ ဒသမ ၇ သန်း၊ ပါကစ္စတန်သည် ၁ ဒသမ ၈ သန်း၊ ဥဇဘက်ကစ္စတန်သည် ၁ ဒသမ ၂သန်း၊ တူရကီသည် ၀ ဒသမ ၈သန်း၊ ဩစတြေးလျနိုင်သည် ၀ ဒသမ ၇ သန်း၊  ဘရာဇီးသည် ဝ ဒသမ ၆ သန်း အသီးသီး ဝါဂွမ်းထုတ်လုပ်ကြသည်။ တရုတ်၊   အမေရိကန်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဥဇဘက်ကစ္စတန်ငါးနိုင်ငံ၏ ထုတ်လုပ်မှုပမာဏသည်   ကမ္ဘာ့ဝါဂွမ်းထုတ်လုပ်မှု ပမာဏ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်။
မြန်မာ့ဝါဂွမ်းသမိုင်း အကျဉ်းချုပ်
ဝါဝေါဟာရ။ ဝါ ဟူသော    ဝေါဟာရသည် တိဘက်ဘာသာ ‘ဗလ်’မှ ဆင်းသက်လာသည်ဟု ဆိုသည်။ တိဘက်ဘာသာ ‘ ဗလ်' သည် ‘သိုးမွေး’ ဖြစ်သည်။ မြတောင်ဆရာတောက်က ပညတ် နက်ကျမ်း (စာ-၃၁၉)တွင် ဝါပင်ကို ပါဠိအလိုအရ ‘ဝဿ’ဟု ဖွင့်ဆိုသည်။ ဝဿမှ ‘ဝါ’ ဖြစ်လာသည်ဟု ဆိုသည်။     မဟာဇေယသင်္ခယာဘွဲ့ခံ   လှေသင်း အတွင်းဝန်၏            ဝေါဟာရလီနတ္ထဒီပနီကျမ်း (စာမျက်နှာ-၁၆၂)တွင် ဝဒရ သဒ္ဒါတွင် ဒ၊ ရ နှစ်လုံး ကျေ၍ အရင်းအက္ခရာ “ဝ” တစ်လုံးကိုယူ၍  ‘ဝါ’ဟု ခေါ်ဝေါ်ကြောင်း  သဒ္ဒါသည် မြဲခြင်း၊   ခိုင်ခံ့ခြင်း အနက်ပေးကြောင်း ဖော်ပြထားသည်။ 
မြန်မာ့ဝါအစ
သက္ကရာဇ် ၈၄၄-၈၄၈ ခုနှစ်တွင်   ဘာဆရာမှ ပါရှားခရီးသွားသူ (Ibn/ Khordazbeh) ၏ မှတ်တမ်းတွင်      တရုတ်ဘုရားဖူး    ခရီးသည်များ၏ ပြောပြချက်အရ “အောက်မြန်မာနိုင်ငံ    ရာမဘုရင် မင်းတွင်   ဆင်ကောင်ရေ   ငါးသောင်းရှိကြောင်း၊ သူတို့တိုင်းပြည်က ကတ္တီပါကဲ့သို့ နူးညံ့သောဝါချည် ဖြင့် ရက်လုပ်သည့် အထည်အလိပ်ထွက်ရှိကြောင်း၊ ဟင်ဒီဟုခေါ်သော အကျော်ပင် (Aloe  wood of sort Hindi) ထွက်ကြောင်း သိရသည်ဟု   ဖော်ပြ ထားသည်။
၉ ရာစုနှစ် မတိုင်မီ (ပျူခေတ်)တွင်     ဝါဂွမ်းကို သုံးစွဲနေကြောင်း၊ ဝါမျိုးကို အိန္ဒိယမှ တင်သွင်းဟန်ရှိ ကြောင်း၊ တရုတ်ပြည်တောင်ပိုင်း၊  ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများသို့     ကူးသန်းရောင်းဝယ်သော တောင်ပိုင်းလမ်းကြောင်းမှ   ဝင်လာခြင်းဖြစ်ကြောင်း စသည်ဖြင့် ဂစ်လ်ဟန်  (Gillhametal.    1995)က ဆိုသည်။ ထိုသို့ဝင်လာသောဝါမျိုးမှာ ဂေါ့စီပီယံ အာဘိုးရီယံမျိုး (ဝါကြီး၊ ဝါလေးမျိုး)ဖြစ်သည်။
ပျူခေတ်မှ  ဟန်လင်းကို    တူးဖော်ရာတွင် ဓားမြှောင်အသွားနှင့် ကပ်နေသော   အဝတ်စကို တွေ့ရသည်။  ထိုတွေ့ရှိချက်ကို     တန်သမိုင်းဟောင်း က ထောက်ခံရာကျသည်။ တန်သမိုင်းဟောင်း (Old Tang History)  တွင်လည်း     “ပျူခေတ်တွင် ခါးကိုပတ်၍ ဝတ်သောအဝတ်အထည်သည် ဝါဂွမ်း ဖြင့်လုပ်ထားကြောင်း” ဖော်ပြထားသည်။  ဖော်ပြပါ အကြောင်းချက်များကို    အက်စ်ဖရေဇာ-လူး (Sylviva Farazer Lu)ဆိုသူက မြန်မာလက်မှုပညာ ပစ္စည်းစာအုပ်တွင်   ဖော်ပြထားသည်။
ဂျီ အီး၊ ဟာဗေးရေးသားသော မြန်မာ့သမိုင်းတွင် မြန်မာ့အဝတ်အထည်အကြောင်းကို ဤသို့ ဖော်ပြ ထားသည်။ “အခြားမည်သည့်နေရာတွင်မှ မတွေ့ဖူး သော   အထည်စ   (Cloth)ကို   တွေ့ရသည်။ ထိုအထည်စဖြင့် ချုပ်လုပ်သော     အဝတ်အထည် (Dress)သည် အလွန်ပါးလွှာပြီး ပေါ့ပါးသဖြင့် ချိတ် တံဆိပ်ရိုက်နှိပ်သောကွင်း (Signet-ring)ထဲသို့ပင် ဖြတ်သွားနိုင်သည်။ ထိုအထည်ကို ဝါဂွမ်းဖြင့် ပြုလုပ် သည်။                  
ကျွန်ုပ်တို့ကိုယ်တိုင်  နမူနာကို   မြင်တွေ့ခဲ့ရသည်”။
ခရစ်သက္ကရာဇ် ၁၀၈၄-၁၁၁၂ ခုနှစ်တွင်  စိုးစံခဲ့ သော ကျန်စစ်သားမင်းလက်ထက်တွင်  ဝါဂွမ်း စိုက်ပျိုးမှုနှင့် ဝါဂွမ်းသုံးစွဲမှုတို့သည် ပိုမိုထွန်းကား လာခြင်းဖြစ်မည်ဟု    ယူဆနိုင်သည်။  ယဉ်ကျေးမှု ထွန်းကားလာချိန်မှစ၍ အိမ်တိုင်း၌လိုပင်  ဝါပင်နှင့် အတူ ဝါချည်ကို ဆေးဆိုးနိုင်ရန် မဲပင်၊ နီပါးဆေးပင်၊ သီတင်းပင်များကိုပါ  စိုက်ပျိုးကြသည်။ အမျိုးသမီး များသည်   ဝါကြိတ်ခြင်း   (ဝါပေါက်မှ    ဝါစေ့နှင့် ဂွမ်းကိုခွဲထုတ်ခြင်း)၊  ဝါဖန်ခြင်း   (ဂွမ်းကိုပွလာအောင် လေးကြိုးကို  လက်တောက်ဖြင့်ဆွဲခြင်း)၊ ဗိုင်းတောင့် လိပ်ခြင်း     (ချည်ငင်ရာတွင်     လက်ဖြင့်ကိုင်၍ ကောင်းစေရန်   အလိပ်ကလေးများ      လိပ်ခြင်း)၊ ဗိုက်ငင်ခြင်း   (ဗိုင်းတောင့်မှ    အမျှင်ကလေးများ ဖြစ်လာအောင် ရစ်ဖြင့်ဆွဲခြင်း)၊ ချည်ချခြင်း (ဗိုင်းငင် ပြီးရသော ချည်ပင်ကို ချည်ခင်ဖြစ်အောင် ရဟတ်ဖြင့် ရစ်ခြင်း)၊ ဆေးဆိုးခြင်း (အရောင်ရအောင်ဆေးဆိုး ခြင်း)၊  ရက်ကန်းရှည်ခြင်း      (ရက်ကန်းစင်၏ အကျယ်အရ  လိုအပ်သော ချည်မျှင်အရေအတွက်ရရှိ ရန်နှင့်   အလျားလိုက်ဖြစ်စေလိုသော  အဆင်ဒီဇိုင်း ရစေရန်စီစဉ်ခြင်း)၊ ရက်ကန်းရက်ခြင်း   (ချည်မျှင်ကို အထည်ဖြစ်အောင်ရက်ခြင်း)စသော    ချည်ထည် လုပ်ငန်းအဆင့်ဆင့်ကို   လုပ်ကိုင်လေ့ရှိကြသည်။ ထိုလုပ်ငန်းအဆင့်ဆင့်ကို  အပျိုပေါက်အရွယ် ၁၃ နှစ်ခန့်မှ အပျိုကြီး (သို့) အိမ်ထောင်ပြုချိန် အသက် ၂၀-၂၅ နှစ်ခန့်   အရွယ်ရောက်မှ      ကျွမ်းကျင် တတ်မြောက်ကြသည်။     ထို့ကြောင့်      မိန်းမများ ရက်ကန်းမတတ်လျှင်        အကျိုးနှင့်တူသည်။ ယောက်ျားများ စာမတတ်လျှင်   အကန်းနှင့်တူသည် ဟု အဆိုရှိခဲ့သည်။
ပျူခေတ် အေဒီ ၉၀၀ မှ ကုန်းဘောင်ခေတ်အကုန် ၁၈၈၆အထိ ဝါစိုက်ပျိုးမှုနှင့် ဝါချည်ထည်သုံးစွဲမှု တို့သည်   တဖြည်းဖြည်း    ကျယ်ပြန့်လာဟန်ရှိသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပို့ကုန် မှာ အဓိကအားဖြင့် ဝါဂွမ်းဖြစ်ခဲ့သည်။ ဝါဂွမ်းပို့ကုန်မှ အကျိုးအမြတ်များစွာရရှိသော ဒတ်ချ်၊ အင်္ဂလိပ်နှင့် ပြင်သစ်ကုန်သည်များသည်      ကုန်သွယ်ရေးရုံး ဖွင့်လှစ်ခွင့်ရရှိရေးအတွက်   အပြိုင်အဆိုင် ကြိုးစား ခဲ့ကြသည်။  မင်းတုန်းမင်းလက်ထက်တွင်   ဝါဂွမ်း ကူးသန်းရောင်းဝယ်မှု      အထူးရှင်သန်ခဲ့သည်။ မင်းတုန်းမင်းသည် ဝါကို   တော်ဝင်သီးနှံ (Royal Crop)အဖြစ် ကြေညာပြီး တစ်ဦးတည်းချုပ်ကိုင်သော စနစ် (Monopoly)ကို ကျင့်သုံးခဲ့သည်။   ထိုကာလ တွင် အထက်မြန်မာနိုင်ငံမှ  ဝါဂွမ်းပိဿာ ၇၇ သိန်း ထွက်ရှိပြီး ယူနန်သို့ ၂၀ မှ ၅၇ သိန်းအထိ တင်ပို့နိုင်ခဲ့ သည်ဟုဆိုသည်။
သမိုင်းအထောက်အထားအရသာ      ဝါဂွမ်း စိုက်ပျိုးမှုနှင့် သုံးစွဲမှုတို့ကို   ပျူခေတ်မှစခဲ့သည်ဟု ဆိုရပေသည်။ ထိုအချိန်တွင် အိန္ဒိယ၌  ဝါဂွမ်းသုံးစွဲမှု တိုးတက်နေပြီဖြစ်သည်။ ဤသို့ဆိုလျှင်     ကူးသန်း ရောင်းဝယ်မှုရှိနေသော     အိန္ဒိယမှ     မြန်မာသို့ နှစ်ပေါင်း ၅၀၀-၁၀၀၀  ကျော်     နောက်ကျပြီးမှ အာဘိုးရီးယံဝါမျိုးစေ့နှင့် အထည်ရက်လုပ်မှုပညာ ရောက်လာရသလော၊ ထို့ထက်စော၍ ရောက်ခဲ့ဖူး သလော၊ သို့မဟုတ် မိမိမြန်မာပိုင်မျိုးနှင့် နည်းပညာ ရှိပြီးဖြစ်၍ မရောက်ခဲ့လေသလော စသည်များသည် တွေးတောစရာ ဖြစ်နေသည်။ ဂေါ့စီပီယံ  အာဘိုးရီး ယံမျိုးမဟုတ်သော ဝါရိုင်းမျိုး (Tree Cotton)သည် မြန်မာနိုင်ငံတွင် ရှိနေခဲ့သည်။ လက်ပံပင်မှ   လဲကို လည်းကောင်း၊ သစ်ခေါက်လျှော် (ဂုန်လျှော်၊ ပိုက်ဆံ လျှော်စသည်)ကိုလည်းကောင်း၊ အထည်ရက်လုပ်ရာ တွင် အသုံးပြုခဲ့ပါက ဝါရိုင်းပင်မှဝါကို  ရှေးမြန်မာများ အလွယ်တကူရသဖြင့်      သုံးစွဲမည်ဟု        ယူဆ နိုင်သည်။         ဤသို့ဖြင့်      မြန်မာနိုင်ငံတွင်     ဝါဂွမ်းစိုက်ပျိုးမှုနှင့်     ချည်ထည်ရက်လုပ်မှုသည် အထောက်အထားပြနိုင်သော    ခေတ်မတိုင်မီကပင် ရှိနိုင်သည်။
ယခုအချိန်တွင် (၂၀၂၄ ခုနှစ်) မတွေ့ရသလောက် နည်းသွားသော ကမ္ဘောဒီးယားဝါ ခေါ် ကမ္ဘောဇဝါနှင့် ရှမ်းဝါတို့ကို    လွန်ခဲ့သော    နှစ် ၁၀၀ ကျော်က ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များတွင် စိုက်ပျိုး ခဲ့သည်။ ကမ္ဘောဇဝါမျိုးသည် ဂေါ့စီပီယံဟာဆူတန် မျိုးဖြစ်သည်။   ထိုဝါမျိုးကို    အခြားဒေသများတွင် မတွေ့ရချေ။   အိန္ဒိယမှသွင်းလာသော  ဂေါ့စီပီယံ အာဘိုးရီယံ မဟုတ်ချေ။ ဤသို့ဖြစ်လျှင် ဝါဂွမ်းသုံးစွဲ မှုတွင် အိန္ဒိယနှင့် မရှေးမနှောင်းဖြစ်သော အိမ်နီးချင်း ဖြစ်သည့်   တရုတ်ပြည်မှ    တင်သွင်းသလော၊ မြန်မာပိုင်မျိုးဖြစ်သလော     တွေးတောစရာဖြစ်နေ သည်။ ရှမ်းဝါမျိုးမှာ    အာဘိုးရီးယံမျိုးဖြစ်သည်။ ထို့အပြင် ချင်းဝါနှင့် ရခိုင်ဝါမျိုး    (အာဘိုးရီးယံမျိုး များ)သည်လည်း ယခင်က  သူ့ဒေသနှင့်  သူရှိခဲ့သည်။ ထိုမျိုးများသည် ဒေသအရ     အိန္ဒိယမှလာသောမျိုး ဖြစ်နိုင်သည်။    ။