ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

နေပြည်တော် မတ် ၂၂


၂၀၂၄  ခုနှစ်   ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့   (World   TB Day) အထိမ်းအမှတ် အခမ်းအနား ကို    ယနေ့    နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပသည်။
တီဘီရောဂါတိုက်ဖျက်ရေး
အခမ်းအနားတွင် ကျန်းမာ ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး      ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီနှင့် ဆေးယဉ်ပါး  တီဘီရောဂါအဖြစ် အများဆုံး    နိုင်ငံ   ၃၀   တွင် အပါအဝင်ဖြစ်ပြီး WHO၏ Global TB report (2023)အရ  ၂၀၂၂ ခုနှစ်တွင်  မြန်မာနိုင်ငံ၌  လူဦးရေ တစ်သိန်းတွင်  တီဘီလူနာသစ် ဖြစ်ပွားနှုန်း ၄၇၅ ဦးရှိပြီး သေဆုံး နှုန်းမှာ ၈၀ ရှိနိုင်ကြောင်း ခန့်မှန်း ထားပါကြောင်း၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊    အမျိုးသားတီဘီ ရောဂါ  တိုက်ဖျက်ရေးစီမံကိန်းမှ ဦးဆောင်ကာ ပြည်တွင်း/ပြည်ပ မိတ်ဖက်  အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တီဘီရောဂါတိုက်ဖျက် ရေးလုပ်ငန်းများကို   အမျိုးသား မဟာဗျူဟာစီမံကိန်း(National Strategic Plan)   ၂၀၂၁-၂၀၂၅  နှင့်အညီ       ဆောင်ရွက်လျက်ရှိ ပါကြောင်း။
ကုသပျောက်ကင်းနိုင်
 ၂၀၂၃ ခုနှစ်တွင်  စုစုပေါင်း တီဘီလူနာ တစ်သိန်းနှစ်သောင်း ကျော်    ရှာဖွေကုသပေးနိုင်ခဲ့ပြီး ဆေးကုသမှုအောင်မြင်နှုန်းမှာ ၈၈ ရာနှုန်းရရှိခဲ့ကြောင်း၊ တီဘီရောဂါ ရှာဖွေတွေ့ရှိမှုနည်းသည့်   ဒေသ များတွင်          တီဘီရောဂါရှိပြီး ဆေးကုသမှု  မရရှိနိုင်သေးသည့် လူနာများရှိနိုင်သဖြင့် ပိုမိုကြိုးစား ရှာဖွေပေးရန် လိုအပ်ပါကြောင်း၊ တီဘီရောဂါသည်   ကုသပျောက် ကင်းနိုင်သည့်   ရောဂါတစ်ခုဖြစ် သည့်အတွက်  စောစီးစွာ  ရှာဖွေ ဖော်ထုတ်ကုသနိုင်ပါက   ပြည်သူ လူထုအတွင်း          တီဘီရောဂါ ကူးစက်ပြန့်ပွားမှုကို လျှော့ချနိုင် မည်ဖြစ်ပါကြောင်း၊ တီဘီလူနာ အရှိန်အဟုန်မြှင့်        ရှာဖွေခြင်း လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ တီဘီလူနာ များအား     မဖြစ်မနေ     မပျက် မကွက် သတင်းပို့နိုင်ရေးအတွက် ပုဂ္ဂလိက  ဆေးရုံ/  ဆေးခန်းများ အနေဖြင့်     ယခုထက်   ပိုမိုပါဝင် ဆောင်ရွက်ရန်     တိုက်တွန်းလိုပါ ကြောင်း။
၂၀၂၃ ခုနှစ်အတွင်း  တီဘီ လူနာရှာဖွေတွေ့ရှိမှု၏ ၁၈ ရာနှုန်း မှာ    ကလေးများတွင်ဖြစ်ပြီး အသက်(၈) နှစ်အောက် ကလေး များ၏   သလိပ်နှင့်   Stool Specimen ကို  GeneXpert စက်ဖြင့် တီဘီပိုးရှာဖွေစစ်ဆေး ခြင်းကို    ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေခြင်းကို          လူနာများ လက်လှမ်းမီစေရန်    Rapid Diagnostic  Test   ဖြစ်သော GeneXpert စက်  အလုံး ၁၁၀ ကို တီဘီရောဂါတိုက်ဖျက်ရေးဌာန ၈၆  ခုတွင်    တပ်ဆင်လွှမ်းခြုံ ဆောင်ရွက်လျက်ရှိပြီး အမျိုးသား မှီငြမ်းပြုတီဘီဓာတ်ခွဲဌာန (ရန်ကုန်) တွင် အဓိကဆောင်ရွက်လျက်ရှိ ကာ   မန္တလေးနှင့်  တောင်ကြီး တို့တွင်      အားဖြည့်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆေးယဉ်ပါး တီဘီရောဂါကုသမှုတွင်  ခြောက် လ   သို့မဟုတ်   ကိုးလထိသာ ဆေးကုသမှုခံယူရမည့်    ကုထုံး သစ်    (BPaLM   /   BPaL)  ကို ဆေးယဉ်ပါးတီဘီလူနာကုသမှုပေးနေသည့်        ဌာနများတွင်  အသုံးပြု         ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ထိရောက်အောင်ဆောင်ရွက်ရန်
တီဘီရောဂါကို ရှာဖွေကုသ ပေးရုံမျှသာမက  တီဘီလူနာနှင့် အတူနေ  မိသားစုထဲမှ  အသက် (၅) နှစ်အောက်   ကလေးများနှင့် တီဘီ/အိပ်ချ်အိုင်ဗွီရောဂါဝေဒနာရှင်များကို      တီဘီရောဂါမဖြစ် အောင်ကာကွယ်ကုသခြင်း (TB Preventive Therapy, TPT) ကို လက်ရှိအခြေအနေထက်    ပိုမို ထိရောက်အောင် ဆောင်ရွက်သွား ကြရန်   အရေးကြီးပါကြောင်း၊ တီဘီလူနာနှင့်      အတူနေသူ အသက်(၅)နှစ်အထက်ရှိသူများ ကိုလည်း   တိုးချဲ့ကုသမှုပေးနိုင် ရေး စီစဉ်လျက်ရှိပါကြောင်း၊၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာအားလုံး ၏ ၉၃  ရာနှုန်းကို  HIV  ပိုးရှိမရှိ စစ်ဆေးနိုင်ခဲ့ပြီး  HIV  ပိုးတွေ့ တီဘီလူနာ ၇၉၃၆  ဦးအနက် ၇၆ ရာနှုန်းကို  ART   ဆေးရရှိအောင်        ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
၂၀၂၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ် သည့် ''Yes! We can End TB!'' “တီဘီရောဂါ ပပျောက်ဖို့၊  အားလုံး ဝိုင်းဝန်းပူးပေါင်းလို့၊   ပံ့ပိုးကူညီ ဆောင်ရွက်စို့။” နှင့်အညီ တီဘီ ရောဂါပပျောက်နိုင်ရေးအတွက် ကာကွယ်ကုသရေးလုပ်ငန်းများ ကို လူတိုင်းလက်လှမ်းမီရရှိနိုင်ရန် အားလုံးပူးပေါင်း၍  ပံ့ပိုးဆောင် ရွက်ရမည်ဖြစ်ကြောင်း ပြောကြား သည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာ ကြသူများသည်  မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး  ၂၀၂၄   ခုနှစ် ကမ္ဘာ့တီဘီရောဂါ   တိုက်ဖျက် ရေးနေ့ပြခန်းသို့     လှည့်လည် ကြည့်ရှု ရာ     အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၏ တာဝန် ရှိသူများက    ရှင်းလင်းတင်ပြကြ သည်။ 
အခမ်းအနားကို ကျန်းမာရေး ဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် များ၊    နှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီး များ၊  အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများ၊      မိတ်ဖက်အဖွဲ့ အစည်းများနှင့် ဖိတ်ကြားထားသူ များ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။                 

သတင်းစဉ်