ကမ္ဘာ့တောင်ဘက်ခြမ်းအသံများကို ပိုမိုကြားအောင်ပြုလုပ်ရန် အိန္ဒိယဝန်ကြီးချုပ် တောင်းဆို

 

နယူးဒေလီ    ဇန်နဝါရီ   ၁၂  


အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီ သည် ဖွံ့ဖြိုးဆဲနိုင်ငံခေါင်းဆောင် များနှင့်     အွန်လိုင်း   ဆွေးနွေးပွဲ  တစ်ရပ်         ကျင်းပခဲ့ကြသည်။

 

 ကမ္ဘာ့ တောင်ဘက် ခြမ်း အသံများကို ပိုမိုကြားအောင် ပြုလုပ်ရန်မှာ ယခုနှစ် ဂျီ-၂၀ နိုင်ငံ အဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွား မည့်  အစီအစဉ်များထဲမှ  တစ်ခု ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

 


ဇန်နဝါရီ ၁၂ ရက်က စတင်ခဲ့ သော အစည်းအဝေးကို နိုင်ငံပေါင်း  ၁၂၀  ကျော်ကို  ဖိတ်ကြားခဲ့သည်။ မိုဒီသည်  ကပ်ရောဂါ၊  ရာသီဥတု ပြောင်းလဲမှုနှင့် ကမ္ဘာ့အရေးအခင်း များ၏  ဆိုးရွားသော သက်ရောက် မှုများကို   ဖော်ပြခဲ့သည်။   ယခုလို မျိုးကိစ္စရပ်များကို  ကမ္ဘာ့တောင် ဘက်ခြမ်းက     မဖန်တီးခဲ့သော် လည်း     ဆိုးရွားသော   အကျိုး သက်ရောက်မှုများကိုတော့ ခံစား ခဲ့ရကြောင်း   မိုဒီက    ပြောကြား ခဲ့သည်။ 

 


ဖွံ့ဖြိုးဆဲ      နိုင်ငံများသည် အဆိုပါ    အရေးကိစ္စရပ်များကို   ကောင်းမွန်စွာ   ကိုင်တွယ်နိုင်ရန်   မိုဒီက    တိုက်တွန်းပြောကြားခဲ့ သည်။  ထို့ပြင်  မိုဒီသည်  ဖွံ့ဖြိုးဆဲ နိုင်ငံများကြား     အိန္ဒိယနိုင်ငံ၏   ဦးဆောင်     အခန်းကဏ္ဍကိုလည်း မီးမောင်းထိုးပြခဲ့သည်။ 


အင်န်အိတ်ချ်ကေ