ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုး ပျံ့နှံ့လျက်ရှိ မိမိတို့နိုင်ငံတွင်လည်း အိုမီခရွန်ပိုး စစ်ဆေးတွေ့ရှိနေပြီဖြစ်၍ ကူးစက်ပြန့်ပွားမှုမရှိရန် အလေးထားဆောင်ရွက်လျက်ရှိ

နေပြည်တော်  ဇန်နဝါရီ  ၁၃ 


ကျန်းမာရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည်  ယနေ့နံနက် ပိုင်းတွင်  တာဝန်ရှိသူများနှင့်အတူ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး အစည်းအဝေး      ခန်းမဆောင်၌ ဆေးရုံအုပ်ကြီး၊  အထူးကုဆရာ ဝန်ကြီးများ၊   အထူးကုဆရာဝန် များ၊   သူနာပြုများ၊    ဝန်ထမ်းများ နှင့် တွေ့ဆုံသည်။
ကြိုတင်ပြင်ဆင်ထား


ရှေးဦးစွာ       ပြည်ထောင်စု ဝန်ကြီးက     ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉      မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုး      ပျံ့နှံ့လျက်ရှိပြီး မိမိတို့နိုင်ငံတွင်လည်း    ပြည်ပမှ ပြန်လာသူများတွင်  အိုမီခရွန်ပိုး စစ်ဆေး      တွေ့ရှိနေပြီဖြစ်၍  ပြည်တွင်း ကူးစက်ပြန့်ပွားမှုမရှိရန် အထူး   အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  အနည်းဆုံး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသူ စုစုပေါင်း  ၂၁  သန်းကျော်ရှိပြီး ဦးစားပေး     အုပ်စုများအလိုက် ဆက်လက်      ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ပြည်ပမှ ဝင်ရောက် လာသူများကို    အသွားအလာ ကန့်သတ်ထားရှိသည့်    ဟိုတယ် များနှင့် ကန့်သတ်စောင့်ကြည့်ရေး စင်တာများအနေဖြင့်    စည်းမျဉ်း စည်းကမ်းနှင့်အညီ     လိုက်နာ ဆောင်ရွက်နိုင်ရန် ကြီးကြပ်သွား ရမည်ဖြစ်ကြောင်း၊   ဆေးရုံများ      အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ နောက်ထပ်လှိုင်း ဖြစ်ပွားလာပါက      လူနာများ    လက်ခံကုသနိုင်ရန် ဆေးရုံခုတင်များ၊ အထူးကြပ်မတ် ကုသဆောင်(ICU/HDU) ခုတင် များနှင့် အောက်ဆီဂျင်လိုအပ်ချက် များကို  တိုးချဲ့၍  ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်း။


ဖြည့်ဆည်းဆောင်ရွက်


ကိုဗစ်-၁၉   ရောဂါ   ကုသမှု အတွက်     ပြင်ဆင်ဆောင်ရွက် သကဲ့သို့ ဆေးရုံ၏  ပုံမှန်ဆေးကု သရေး     လုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက်     ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု         မျက်နှာကို ထောက်ရှု၍      အကောင်းဆုံး ဆောင်ရွက်         စေလိုကြောင်း၊ 
ဆေးတက္ကသိုလ်        ဘွဲ့လွန် သင်တန်းများနှင့် ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း(ခ) သင်တန်း များလည်း    ဖွင့်လှစ်လျက်ရှိပြီး ဖွင့်လှစ်ရန်          ကျန်ရှိသည့် ဆေးတက္ကသိုလ်    သင်တန်းများ ကိုလည်း      အချိန်နှင့်တစ်ပြေးညီ
ဆက်လက်      ဖွင့်လှစ်သွားမည် ဖြစ်သဖြင့်   လိုအပ်လျက်ရှိသည့် ကျန်းမာရေး     လူ့စွမ်းအားအရင်း အမြစ်ကို       ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက်   ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှက သင်္ဃန်း ကျွန်း       ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်လျက်ရှိသည့်  ဆေးရုံ လုပ်ငန်းများနှင့်       ပတ်သက်၍ လည်းကောင်း၊ ပါမောက္ခ/ဌာနမှူး များက ဌာနတစ်ခုချင်းစီအလိုက် လုပ်ငန်း      ဆောင်ရွက်မှုများ ကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြရာ   ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက     ပြန်လည် ဆွေးနွေးကြပြီး     လိုအပ်သည် များကို    ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက်      ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း      အထူးကြပ်မတ် ကုသဆောင်  (ICU)      များတွင် ကိုဗစ်-၁၉    ရောဂါ      အတည်ပြု လူနာများထားရှိနိုင်ရန် ပြင်ဆင် ဆောင်ရွက်        ထားရှိမှုကို လည်းကောင်း၊   အစာအိမ်နှင့် အူလမ်းကြောင်း       မှန်ပြောင်း ကြည့်ဌာနတွင်     လူနာများကို ရောဂါရှာဖွေ    ကုသနေမှုနှင့် အစာအိမ်နှင့်    အူလမ်းကြောင်း ကြည့်မှန်ပြောင်းများ ပိုးသန့်စင်မှု ကိုလည်းကောင်း၊   ကျောက်ကပ် သွေးသန့်စင်ဌာနတွင် နာတာရှည် ကျောက်ကပ်ရောဂါလူနာများကို ကျောက်ကပ်      သွေးသန့်စင်မှု လုပ်ငန်းများ  ဆောင်ရွက်နေမှုနှင့် အရေးပေါ်   ကျောက်ကပ်သွေး သန့်စင်မှု  ဆောင်ရွက်နိုင်မှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု ပြီး  စက်ပစ္စည်းများ  မပျက်စီးစေ ရေး စနစ်တကျ ထိန်းသိမ်းထားရှိ ရန်မှာကြားကာ  လိုအပ်သည်များ       ပေါင်းစပ်ညှိနှိုင်း   ဖြည့်ဆည်းပေး သည်။
ကြည့်ရှုကုသပေးလျက်ရှိ


သင်္ဃန်းကျွန်း   ပြည်သူ့ဆေးရုံ ကြီးတွင်  အတွင်းလူနာစုစုပေါင်း  ၁၉၉   ဦး   တက်ရောက်   ကုသ လျက်ရှိပြီး   နေ့စဉ်အရေးပေါ်နှင့် အထွေထွေပြင်ပလူနာ  ၉၀ ကျော် နှင့်   အထူးကု  ပြင်ပလူနာ  ၉၀ ကျော်တို့ကို    ကြည့်ရှုကုသပေး လျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများ  ၂၄ နာရီ အချိန်ပြည့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်းစဉ်