
ဂျီနီဗာ ဇူလိုင် ၂၂
လွန်ခဲ့သောလများက ကမ္ဘာတစ်ဝန်း ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုသည် အကျဘက်သို့ ဦးတည် နေရာမှ ယခုလတွင် တစ်မူထူးခြားပြောင်းလဲလာပြီး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ၁၂ ရာခိုင်နှုန်းတိုးလာခဲ့သည်။ အလားတူ သေဆုံးခြင်းနှင့် ကိုဗစ်- ၁၉ သန္ဓေပြောင်းမျိုးစိတ်သစ်များ ကူးစက်ဖြစ်ပွားမှုသည်လည်း မြင့်တက် လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇူလိုင် ၂၁ ရက်က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
လွန်ခဲ့သော သီတင်းပတ်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဒသမ ၄ သန်းရှိခဲ့ပြီး တစ်နေ့ လျှင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၄၉၀၀၀၀ အထိ ပျမ်းမျှရှိလာ ခဲ့သည်။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သည် ကမ္ဘာတစ်ဝန်း လျင်မြန်စွာ ကူးစက်ဖြစ်ပွားလျက်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးဌာန၏ အပတ်စဉ်ဖော်ပြသော သတင်း အချက်အလက်တွင် ဖော်ပြထား သည်။
လွန်ခဲ့သော သီတင်းပတ်က အင်ဒိုနီးရှား၊ အင်္ဂလန်၊ ဘရာဇီး နိုင်ငံများသည် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုအများဆုံး နိုင်ငံများ ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ၃၅၀၂၇၃ ဦး၊ အင်္ဂလန်တွင် ၂၉၆၄၄၇ ဦး၊ ဘရာဇီးတွင် ၂၈၇၆၁၀ အသီးသီး ဖြစ်သည်။
အကယ်၍ ဗိုင်းရပ်စ်သည် ဖော်ပြပါနှုန်းအတိုင်း ဆက်လက် ကူးစက်ပျံ့နှံ့နေပါက ကမ္ဘာ တစ်ဝန်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း လာမည့်သီတင်း ပတ်သုံးပတ်အတွင်း သန်း ၂၀၀ အထိ ရှိလာနိုင်ကြောင်း ဂျီနီဗာ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ပြောထားသည်။
ထို့အပြင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုကြောင့် သေဆုံးမှုများ လည်း ဆက်လက်မြင့်တက်လျက် ရှိရာ လွန်ခဲ့သောသီတင်းပတ်က ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၇၀၀၀ ထပ်ပေါင်းထည့်လိုက် ပါက စုစုပေါင်းသေဆုံးသူ လေးသန်းကျော်လွန်လာပြီ ဖြစ် သည်။
ကိုဗစ်-၁၉ သန္ဓေပြောင်း မျိုးစိတ်သစ်များ ဆက်လက် တိုးတက် ဖြစ်ပွားလျက်ရှိရာ အယ်လ်ဖာ အသွင်ပြောင်း ဗိုင်းရပ်စ်သစ်ကို နိုင်ငံနှင့် ဒေသ ပေါင်း ၁၈၀ တွင် တွေ့ရပြီး နိုင်ငံ နှင့် ဒေသပေါင်း နောက်ထပ် ၁၃ ခုတွင် ဒယ်လ်တာ အသွင် ပြောင်းမျိုးစိတ်သစ်ကို ထပ်မံ တွေ့မြင်နိုင်သည်။
အယ်လ်ဖာ အသွင်ပြောင်း မျိုးစိတ်သစ်သည် ၎င်း၏အဆင့်တူ မျိုးစိတ်သစ်ထက် မကြာခဏ တွေ့ရသော်လည်း ဒယ်လ်တာ မျိုးစိတ်သစ်သည် ၅၀ ရာခိုင်နှုန်း ပိုမိုကူးစက်ပျံ့နှံ့နိုင်ပြီး လာမည့် လအနည်းငယ်အတွင်း တခြား အသွင်ပြောင်း ဗိုင်းရပ်စ်အားလုံး ကို လွှမ်းမိုးလာနိုင်ခြေရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ခန့်မှန်းထားသည်။
ဆင်ဟွာ