ကမ္ဘာ့သမုဒ္ဒရာများနေ့

Type
7777


 

၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့သည် ကမ္ဘာ့သမုဒ္ဒရာများနေ့ဖြစ်ပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “ပြန်လည်ရှင်သန်ခြင်း သမုဒ္ဒရာများအတွက် စုပေါင်းလုပ်ဆောင်မှု(Revitalization: Collective Action for the Ocean)” ဖြစ်သည်။
နှစ်စဉ် ဇွန်လ ၈ ရက်နေ့တွင်  ကမ္ဘာ့ သမုဒ္ဒရာများနေ့ကို နိုင်ငံပေါင်း ၁၄၀  ကျော် က ကျင်းပလေ့ရှိပြီး ၁၉၉၂ ခုနှစ်က ဘရာဇီး နိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာညီလာခံတွင်  ကနေဒါ နိုင်ငံ သမုဒ္ဒရာဆိုင်ရာသိပ္ပံ (the Ocean Institute of Canada) နှင့် သမုဒ္ဒရာဖွံ့ဖြိုး တိုးတက်မှုဗဟိုဌာန    (International Centre  for  Ocean  Development–ICOD) တို့က “ကမ္ဘာ့သမုဒ္ဒရာများနေ့” သတ်မှတ်ရန်အတွက်   အဆိုတင်သွင်းခဲ့ သည်။ ယင်းနောက် ၂၀၁၉ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစ၍ “ကမ္ဘာ့သမုဒ္ဒရာများနေ့” ကျင်းပရန်အတွက်  ၂၀၀၈  ခုနှစ်တွင် ကုလသမဂ္ဂက   တရားဝင်သတ်မှတ်ပေးခဲ့ သည်။ 
သမုဒ္ဒရာများသည် ကမ္ဘာ့မျက်နှာပြင် ၏  ၇၀ ရာခိုင်နှုန်းကျော်ကို ဖုံးလွှမ်းထားပြီး ကမ္ဘာ့ရေအရင်းအမြစ်များ၏   ၉၇   ရာခိုင် နှုန်းခန့်ရှိသည်။    ကမ္ဘာ့လူဦးရေ    သုံး ဘီလီယံကျော်သည် ၎င်းတို့၏ အသက်ရှင်          ရပ်တည်နိုင်ရေးအတွက်         ပင်လယ်နှင့် ကမ်းရိုးတန်း      ဂေဟစနစ်ဝန်ဆောင်မှု အရင်းအမြစ်များကို      မှီခိုနေရသည်။ ထို့အပြင်   သမုဒ္ဒရာများသည် ကမ္ဘာလုံး ဆိုင်ရာ    စားနပ်ရိက္ခာဖူလုံမှုအတွက်   အရေးပါသည့်အပြင်   ကမ္ဘာ့ရာသီဥတု ကိုလည်း    အဓိကထိန်းညှိပေးလျက်ရှိ သည်။ သို့သော်လည်း  ယနေ့ခေတ်တွင် ကမ္ဘာ့ငါးထုတ်လုပ်ငန်းများတွင်     ၃၀ ရာခိုင်နှုန်းခန့်     အလွန်အကျွံထုတ်ယူ သုံးစွဲနေပြီး ရေရှည်တည်တံ့စွာ ထုတ်လုပ် ပေးနိုင်မည့်        ရလဒ်များအောက်သို့ ကျဆင်းနေပြီဖြစ်သည်။    သမုဒ္ဒရာများ သည် လူသားများကြောင့်  ထွန်းပေါ်လာ သည့်   ကာဗွန်ဒိုင်အောက်ဆိုက်၏    ၃၀ ရာခိုင်နှုန်းခန့်ကိုလည်း  စုပ်ယူလျက်ရှိပြီး စက်မှုမထွန်းကားမီ    ကာလမှစတင်၍ သမုဒ္ဒရာအတွင်း    အက်စစ်ဓာတ်ပါဝင်မှု ၂၆ ရာခိုင်နှုန်း  မြင့်တက်လျက်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။  
သိပ္ပံပညာရှင်များ၏  လေ့လာမှုအရ ယနေ့အချိန်တွင်   နှစ်စဉ်ပလတ်စတစ် ပစ္စည်း တန်ချိန်သန်း ၃၀၀ ခန့် ထုတ်လုပ် လျက်ရှိပြီး သမုဒ္ဒရာအတွင်းသို့ ပလတ် စတစ်စွန့်ပစ်ပစ္စည်း   တန်ချိန်ပေါင်း   ၁၂ ဒသမ ၇ သန်းခန့် နှစ်စဉ်ဝင်ရောက်လျက် ရှိသည်။   လက်ရှိအတိုင်း    ဆက်လက် လုပ်ဆောင်နေပါက ၂၀၅၀ ပြည့်နှစ်တွင် ပလတ်စတစ်         စွန့်ပစ်ပစ္စည်းများမှာ သမုဒ္ဒရာများအတွင်းရှိ ငါးများ၏ အရေ အတွက်ထက်ပင် ပိုမိုများပြားနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ကုလသမဂ္ဂ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်  (၁၄) အဖြစ်    ပင်လယ်ပြင်နှင့် ရေအောက်သက်ရှိလောက   ထိန်းသိမ်း စောင့်ရှောက်ရေး ရည်မှန်းချက်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၁ ဒသမ ၉ သန်းခန့်သည်     ပင်လယ်ကမ်းရိုးတန်း ဒေသများ၌ နေထိုင်လျက်ရှိပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း     လုပ်ငန်းများ အတွက်   ပင်လယ်ပြင်နှင့်   ကမ်းရိုးတန်း အရင်းအမြစ်များအပေါ်တွင်   မှီခိုနေရ သည်။  မြန်မာနိုင်ငံတွင် ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဂေဟစနစ် ဝန်ဆောင်မှုများ မှ နှစ်စဉ်တန်ဖိုး အမေရိကန် ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံခန့် ရရှိစေလျက်ရှိပြီး ယင်းအနက် ၆၀ ရာခိုင်နှုန်းမှာ ဒီရေတော နှင့် သန္တာကျောက်တန်းများမှ ရရှိခြင်းဖြစ် သည်။ အထူးသဖြင့် ဒီရေတောများသည် ပင်လယ်ကမ်းရိုးတန်းဒေသများသို့   ကျ ရောက်လာမည့်   သဘာဝဘေးအန္တရာယ် များကို     တားဆီးကာကွယ်ထားနိုင်ပြီး နှစ်စဉ်  နိုင်ငံ့အရင်းအမြစ်များ၏  တန်ဖိုး အမေရိကန်   ဒေါ်လာ   ၁၆၅   သန်းခန့်ကို ဆုံးရှုံးနစ်နာမှုမရှိစေရန် အထောက်အကူ ဖြစ်စေကြောင်း ကမ္ဘာ့ဘဏ်က ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာမှု အစီရင်ခံစာအရ သိရသည်။  

သီဟစည်သူ