ကမ္ဘာ့ရုပ်သံ အမွေအနှစ်များဆိုင်ရာ ဒေသတွင်း ဆွေးနွေးပွဲ MRTV မှ ဝန်ထမ်းများ Online ဖြင့်တက်ရောက်

 

နေပြည်တော်  အောက်တိုဘာ ၂၇
ကမ္ဘာ့ရုပ်သံ    အမွေအနှစ်များ ဆိုင်ရာ     ဒေသတွင်းဆွေးနွေးပွဲ (World Audio Visual Heritage) ကို  ယနေ့ မွန်းလွဲပိုင်းက   ကျင်းပ ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (နေပြည်တော်၊   တပ်ကုန်း)   မှ ဝန်ထမ်းများ    Online   ဖြင့်  တက်ရောက်  ဆွေးနွေးကြသည်။
အဆိုပါ  ဆွေးနွေးပွဲကို ကမ္ဘာ့ ရုပ်သံ    အမွေအနှစ်များဆိုင်ရာ ဒေသတွင်း         ဆွေးနွေးပွဲအဖြစ် (AIBD) မှ Online ဖြင့် ပြုလုပ် ခြင်းဖြစ်ပြီး       ဆွေးနွေးပွဲတွင်  အားလုံး ပါဝင်သည့် သာတူညီမျှ ငြိမ်းချမ်းသည့်      လူ့အဖွဲ့အစည်း တည်ဆောက်မှုကို   မြှင့်တင်နိုင် ရန်အတွက်     ရုပ်သံမှတ်တမ်း အမွေအနှစ်များအား    စာရင်းပြုစု ခြင်း ခေါင်းစဉ်ဖြင့် အဓိကဆွေးနွေး ကြပြီး ရုပ်သံအစီအစဉ် ထုတ်လုပ် သူများ     အဆင်ပြေချောမွေ့စေ ရန်  မှတ်တမ်းများ   (Archives)  အသုံးပြုရန်အပြင်      ဇာတ်လမ်း  (story) များကို   အရည်အသွေး မြှင့်တင်ရန်၊    နောက်မျိုးဆက် သစ်များအတွက်     ဇာတ်လမ်း၊ အစီအစဉ်များ      ထိန်းသိမ်းရန် နည်းလမ်းများနှင့် အရုပ်၊ အသံ မှတ်တမ်းများ   ထိန်းသိမ်းခြင်း၏   အရေးပါမှုကို    နားလည်စေရန်   စသည်ဖြင့်    ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့     မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားရှိ     ဌာနခွဲ အသီးသီးမှ   အစီအစဉ်ထုတ်လုပ် ရေးမှူးများ၊  သတင်းပိုင်းဆိုင်ရာဆောင်ရွက်နေသူများ၊   မှတ်တမ်း ထိန်းသိမ်းရေး   ဆောင်ရွက်နေသူ များနှင့်  စက်မှုပညာရှင်များ တက် ရောက်ခဲ့ကြသည်။      သတင်းစဉ်