ကမ္ဘာ့ရေနံဈေးကွက်ကို တည်ငြိမ်အောင်လုပ်ဆောင်သွားမည်ဟု ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးပြောကြား

 

ဒါကာ   မတ်   ၁၆ 


ဆော်ဒီအာရေဗျက ကမ္ဘာ့ရေနံဈေးကွက်ကို တည်ငြိမ် အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း   ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့    အလည်အပတ်  ရောက်ရှိနေသော  ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး    မင်းသား ဖိုင်ဆယ်ဘင်  ဖာဟန်အယ်လ် ဆော်ဒ်က မတ် ၁၆ ရက်က   ပြောကြားလိုက် သည်။

 


ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက  ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး  အေကေ အဗ္ဗဒူမိုမင်န်နှင့်တွေ့ဆုံ ပြီးနောက် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

 


တွေ့ဆုံပွဲပြီးနောက်   ရေနံရောင်းချပေးနိုင်မှုနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းချက်အပေါ် ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးက  ၎င်း၏နိုင်ငံသည်    ရေနံ  ဈေးကွက်  တည်ငြိမ်အောင်    ထိန်းသိမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း      ပြောကြားလိုက်သည်။   ထို့အပြင်  ရေနံရောင်းချပေးနိုင်မှုအပေါ်    စိုးရိမ်စရာ အကြောင်း မရှိရန်လည်း ပြောကြားလိုက်သည်။ 

 


မိမိတို့၏ မိတ်ဖက်ဆက်ဆံရေး  ပိုမိုတိုးချဲ့နိုင်ရန် ကြိုးစားနေကြောင်း  မိုမင်န်နှင့်တွေ့ဆုံစဉ်   ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။ 

 


နှစ်ဖက်အဖွဲ့များသည်  လုံခြုံရေးတိုးမြှင့်ရန်နှင့် ကဏ္ဍစုံဆက်ဆံရေးများ    တိုးမြှင့်ရန်   ဆွေးနွေးခဲ့ကြ သည်။ 


ဆင်ဟွာ