ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများသည် ၂၁ ရာစု အစပိုင်းမှစတင်၍ သိသိသာသာ ထင်ရှားလာခဲ့သည်။ ရာသီဥတုပုံမှန်မဟုတ်ဘဲ ပြောင်းလဲဖောက်ပြန်မှုတွင် အပူလှိုင်းများကျရောက်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့်သဘာဝ ဘေးအန္တရာယ်ကျရောက်မှုများမ

 

နေပြည်တော်   ဧပြီ   ၂၁


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍနှင့် ပတ်သက်သည့် အစည်းအဝေး ကို ယနေ့ နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ရုံးအမှတ် (၂၇) ၌ ကျင်းပသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က ယခင်ဘဏ္ဍာရေးနှစ်များတွင် လုပ်ငန်းဆောင်ရွက် မှုများ၏   အားသာချက်၊   အားနည်းချက်များကို စိစစ်သုံးသပ်၍ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊    နိုင်ငံတော်၏   စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင်   လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာအရေးပါသဖြင့် မိမိတို့သည် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေရခြင်း ဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံတော်တွင်           လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ကြုံတွေ့နေရပြီး ရရှိနိုင်သမျှသော ရေတိုရေရှည်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိရေး    ဆောင်ရွက်သွားရမည်   ဖြစ်ပါ ကြောင်း။ 

 


ပြည်သူလူထုကို အချိန်ပိုင်းအလိုက် ဝန်အား ထိန်းညှိ ဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက် များအပေါ် ပြည်သူလူထုမှ နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြ ရန် လိုအပ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်းတွင် သုံးစွဲသူပြည်သူများထံသို့ အလေ အလွင့်   နည်းပါးစွာဖြင့်   လျှပ်စစ်မီးရရှိရေး   စီမံ ဆောင်ရွက်သွားရန်နှင့်       နိုင်ငံတော်အတွက် ဓာတ်အားခ အခွန်အခများကိုလည်း အပြည့်အဝ ရရှိရေး ကောက်ခံသွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းများအပေါ်     စေတနာအပြည့်အဝဖြင့် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံ ငွေကိုလည်း  စနစ်တကျစိစစ်၍  စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊  ထို့အပြင် ဓာတ်အားရောင်းချမှုမှ ရရှိ သည့် ဓာတ်အားခ ဝင်ငွေများ အပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်း များအား သတ်မှတ်ချိန် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဓာတ်အားခွဲရုံ များ    ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်    ဓာတ်အား  စဉ်ဆက်မပြတ်      ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဓာတ်အားလိုင်းနှင့်    ဓာတ်အားခွဲရုံသုံးပစ္စည်းများ ကို  စစ်ဆေးဆောင်ရွက်သွားရန်  လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေး အထူးဂရုပြုရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများကို တရား မဝင်    ရယူသုံးစွဲမှုများကြောင့်   လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့်   လျှပ်စစ်ဓာတ်အားခများကို သတ်မှတ်ချိန်အတွင်း  ကောက်ခံရရှိရေး  မြို့နယ်၊ ခရိုင်၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဘဏ္ဍာရေး တာဝန်ခံများက    အောက်ခြေထိ   ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လျှပ်စစ်အန္တရာယ်   မဖြစ်ပေါ်စေရေး   ပညာပေး၊ သတိပေးခြင်းနှင့် ဓာတ်အားလိုင်းများတစ်လျှောက် ဓာတ်အားလိုင်းနှင့်     မလွတ်ကင်းသည့်   သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းသွားကြရန် လိုအပ် ကြောင်း မှာကြားသည်။

 


ဆက်လက်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ က   လုပ်ငန်းဆောင်ရွက်မှုနှင့်    ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို  အသီးသီးရှင်းလင်း တင်ပြခဲ့ကြပြီး   ပြည်ထောင်စုဝန်ကြီးက  လိုအပ် သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


 သတင်းစဉ်