
ရန်ကုန် နိုဝင်ဘာ ၁၈
၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲအုပ်စု ဒုတိယနေ့ကို နိုဝင်ဘာ ၂၁ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် မြောက်ကိုရီး ယားအသင်းနှင့်အိမ်ကွင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
မြန်မာအသင်းသည် ဂျပန် အသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ပြီး နောက် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ပြီး မြောက် ကိုရီးယားအသင်းနှင့် ပွဲအတွက် ပြန်လည်ပြင်ဆင်နေပြီဖြစ်သည်။
မြန်မာအသင်းသည် ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယား အသင်းတို့နှင့် အုပ်စုကျပ်အတွင်း ကျရောက်နေသဖြင့် ရမှတ်ရယူနိုင် ရန်ရုန်းကန်ရဖွယ်ရှိနေပြီး အိမ်ကွင်း ပွဲများတွင်သာ အမှတ်ရရန်မျှော်လင့် နိုင်မည်ဖြစ်သည်။ မြန်မာအသင်း သည် အုပ်စုအဖွင့်ပွဲအဖြစ် အာရှ ထိပ်သီး ဂျပန်အသင်းနှင့် အဝေး ကွင်းကစားပြီးနောက် မြောက်ကိုရီးယား အသင်းနှင့် အိမ်ကွင်းကစားရခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် ကစားမည့် မြောက်ကိုရီးယားအသင်းသည် အုပ်စုပထမပွဲတွင် ဆီးရီးယား အသင်းကို အဝေးကွင်းတွင် တစ်ဂိုး - ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် ဖိုက်အွန်ဘိုင်နာက “ဂျပန်နဲ့ပွဲက ကျွန်တော်တို့မှာ စိန်ခေါ်မှုတွေ အများကြီးရှိပါ တယ်။ ဂျပန်အသင်းလို ကမ္ဘာ့ အဆင့် အသင်းတစ်သင်းကို သူ့ အိမ်ကွင်းမှာ အနိုင်ရဖို့၊ အမှတ်ယူဖို့ ဆိုတာတွေကို မျှော်လင့်မထားပါ ဘူး။ ကျွန်တော်တို့ လက်တွေ့ ဆန်ဆန်ပဲ ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ခံစစ်ဦးစားပေးပြီး အကောင်းဆုံး ကြိုးစားသွားခဲ့ကြ တဲ့ ကစားသမားတွေကို ချီးကျူး ပါတယ်။ နောက်ပွဲတွေ ကြုံတွေ့ ရမယ့် မြောက်ကိုရီးယား၊ ဆီးရီး ယားတို့က အင်အားကြီးအသင်း တွေဆိုပေမယ့် ဒီနေ့ ကစားရတဲ့ ဂျပန်ထက်စာရင် ကျွန်တော် တို့ အခွင့်အရေးရှိနေပါတယ်။ နိုဝင်ဘာ ၂၁ ရက် ရန်ကုန်မှာ မြောက်ကိုရီးယား အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဂျပန်ပွဲနဲ့တော့ အစစအရာရာ ကွာခြားပါလိမ့် မယ်။ မတူညီတဲ့ ချဉ်းကပ်ပုံမျိုး နဲ့ ကျွန်တော်တို့ ပြိုင်ဘက်ကို ရင်ဆိုင်မှာပါ။ ဂျပန်အသင်းနဲ့ ပွဲလို ခံစစ်ပုံစံမျိုးမဟုတ်ဘဲ မတူညီတဲ့ ဟန်နဲ့ ကစားမှာပါ။ မြောက် ကိုရီးယားဆီကနေ အမှတ်ရ အောင်ယူဖို့ ကြိုးစားပါမယ်။ ဒါက ကျွန်တော်တို့ မျှော်လင့်ချက်ပါ” ဟု ပြောကြားသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF