ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပထမပွဲအဖြစ် ဂျပန်အသင်းနှင့် အဝေးကွင်းပွဲကစားရန် မြန်မာ့လက်ရွေးစင်အသင်း ဂျပန်နိုင်ငံသို့ ရောက်ရှိပြီး စတင်လေ့ကျင့်

 

ရန်ကုန်   နိုဝင်ဘာ  ၁၄


မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအုပ်စု    ပထမပွဲအဖြစ် ဂျပန်လက်ရွေးစင်   အသင်းနှင့် အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရန် နိုဝင်ဘာ   ၁၄ ရက်   နံနက်ပိုင်း တွင် ဂျပန်နိုင်ငံ   အိုဆာကာမြို့သို့ ရောက်ရှိခဲ့ပြီး ညပိုင်းတွင် စတင် လေ့ကျင့်ခဲ့သည်။


မြန်မာ့လက်ရွေးစင်အသင်း သည် ဂျပန်အသင်းနှင့် အဝေးကွင်း ပွဲယှဉ်ပြိုင်ကစားရန်   နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး    ဒေသစံတော်ချိန် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် အိုဆာကာမြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ 


မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဖိုက်အွန် ဘိုင်နာသည်  ဂျပန်အသင်းနှင့်ပွဲအတွက် ကစား သမား ၂၄ ဦး ခေါ်ဆောင်သွားပြီး အမာခံကစားသမား အများစု ရွေးချယ်ခံခဲ့ရသည်။


 မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၁၄ ရက် ညပိုင်းတွင် စတင်လေ့ကျင့်ခဲ့ပြီး ဂျပန်အသင်း နှင့်ပွဲမတိုင်မီ ဂျပန်နိုင်ငံ၌ ပြင်ဆင်ချိန် နှစ်ရက်ရရှိမည်  ဖြစ်သည်။    မြန်မာ့လက်ရွေးစင်အသင်းနှင့်     ဂျပန် လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၁၆ ရက်တွင် ဂျပန်နိုင်ငံ  အိုဆာကာမြို့ရှိ   Panasonic    Stadium Suita (OSAKA)၌   ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည်    ကမ္ဘာ့ဖလား   ဒုတိယအဆင့်  ခြေစစ်ပွဲတွင်   ဂျပန်၊   ဆီးရီးယား၊ မြောက်ကိုရီးယားအသင်းတို့နှင့်   တစ်အုပ်စုတည်း ကျရောက်နေသည်။   မြန်မာအသင်းသည်    ဂျပန် အသင်းနှင့် အဝေးကွင်းကစားပြီးပါက နိုဝင်ဘာ ၂၁ ရက်တွင်  မြောက်ကိုရီးယားအသင်းနှင့်   အိမ်ကွင်း ထပ်မံကစားရမည်ဖြစ်သည်။          

  
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF