ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဩဂုတ်  ၁၉


ပြည်ထောင်စုနယ်မြေ နေပြည် တော်   ဒက္ခိဏသီရိ မြို့နယ်အတွင်း   တည်ထားကိုးကွယ်  ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက် ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်    ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို   ယနေ့ မွန်းလွဲပိုင်းတွင်   မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ မာရဝိဇယ ဂေါပကအဖွဲ့ရုံး၌   ကျင်းပပြုလုပ် သည်။


အစည်းအဝေးသို့     ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံ ပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမျိုးသန့်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယ ဗိုလ်ချုပ်ကြီး  ကျော်စွာလင်း၊  ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည် တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။


အမှာစကားပြောကြား


ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နေပြည်တော်သည် မြန်မာနိုင်ငံ၏မြို့တော်ဖြစ်ပြီး အုပ်ချုပ်ရေး၏ဗဟို ချက်ဖြစ်သဖြင့် နေပြည်တော် တိုးတက်အောင်ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကို နိုင်ငံ၏ မြို့တော်ပီသအောင်   ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ယခင်နိုင်ငံတော်အကြီး အကဲ   ဗိုလ်ချုပ်မှူးကြီး   သန်းရွှေက   ဘုရားကြီး တည်ထားကိုးကွယ်ရန်အတွက် ၎င်းထံလှူဒါန်းထား သည့်  စကျင်ကျောက်တော်ကြီးကို   တပ်မတော်မှ ဦးဆောင်၍ ဘုရားတည်ထားရန်အတွက် လွှဲအပ်ခဲ့ ကြောင်း၊   ဘုရားကြီးတည်ထားကိုးကွယ်ရာတွင် ခမ်းခမ်းနားနားနှင့် အကောင်းဆုံးဖြစ်စေရန် ကြိုတင် မျှော်တွေးပြီး စဉ်းစားဆောင်ရွက်ခဲ့ကြောင်း၊ ဘုရား တည်ထားရန် မြေနေရာရွေးချယ်ဆောင်ရွက်မှုများကိုလည်း တစ်ပါတည်း   လှူဒါန်းသည့်မြေပေါ်တွင် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခင် မူလ အလှူရှင်မှလှူဒါန်းထားသည့် ကျောက်တုံးတော် ကြီးကို ဆင်းတုတော်ထုဆစ်နိုင်ရေး အကောင်းဆုံး ကျောက်သားရရှိမှုကို တွက်ချက်ခဲ့ပြီး ဉာဏ်တော် ၆၃  ပေရှိသည့်   ဆင်းတုတော်ကြီးထုဆစ်နိုင်ရန် လိုအပ်သည့် ကျောက်တုံးတော်ရရှိရေး ဆောင်ရွက်ခဲ့ ကြောင်း၊ အလားတူ ဂန္ဓကုဋိတိုက်များနှင့် သုဓမ္မာ ဇရပ်များကိုလည်း    ထည့်သွင်းတည်ဆောက်ခဲ့ ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် ရာတွင် ကျောက်တုံးတော်ကြီးအား ရတနာပုံခေတ် ဟန်   ဘူမိဖဿမုဒြာ    ဆင်းတုတော်ကြီးအဖြစ် တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ဩဝါဒါ စရိယဆရာတော်ကြီးများ၏   ဩဝါဒမိန့်ကြားချက် များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ် များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိ အက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာ တော်များ တည်ထားဆောင်ရွက်ခဲ့ကြောင်း။


အဆင်ပြေချောမွေ့စွာအောင်မြင်ပြီးစီး


မာရဝိဇယ  ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ချိန်တွင်      အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း    လုပ်ငန်းများအဆင်ပြေ ချောမွေ့စွာဖြင့်အောင်မြင်ပြီးစီးခဲ့ကြောင်း၊ ဗုဒ္ဓါဘိသေ က   အနေကဇာတင်သည့်နေ့တွင်    ရုပ်ပွားတော် တည်ဆောက်ရေးအတွက် ရရှိသည့်လှူဒါန်းငွေအစုစု ကို စာရင်းပိတ်၍ ရေစက်ချလှူဒါန်းပြီးဖြစ်ကြောင်း၊  မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ   ထိုင်တော်မူ   ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ် ကြောင်း၊ ဆင်းတုတော်ကြီး   ကြည်ညိုသပ္ပာယ်ဖွယ် ဖြစ်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အနုပညာလက်ရာများကိုလည်း အမြင့်ဆုံး၊ အကောင်းဆုံးဖြစ်အောင်  ဆောင်ရွက်ခဲ့ ကြောင်း၊  မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် သာသနိကအဆောက်အဦများ၊ ရင်ပြင် တော်များနှင့် ဘုရားပရိဝုဏ်တော်ကြီးတစ်ခုလုံးအား စကျင်ကျောက်ပြားများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း၊ ၎င်းကဲ့သို့   ကြီးကျယ်ခမ်းနား   ဗိသုကာ လက်ရာမြောက်စွာ တည်ဆောက်ခဲ့မှုသည် အခြား မည်သည့်နေရာတွင်မျှ  မရှိနိုင်ကြောင်း၊   စကျင် ကျောက်တော်ကြီးပေါ်ထွန်းလာနိုင်မှု၊ စနစ်တကျ ကြီးကြပ်ကွပ်ကဲနိုင်မှုနှင့်  ကာလဒေသတို့အရလည်း ၎င်းကဲ့သို့ ထပ်မံတည်ဆောက်ရန် မဖြစ်နိုင်ကြောင်း၊ စကျင်ကျောက်ဆိုသည်မှာ မြန်မာ့ထုံးတမ်းစဉ်လာ အရ   ရတနာတန်းဝင်   အဖိုးတန်ကျောက်ဖြစ်ပြီး လာရောက်ဖူးမြော်သူများအနေဖြင့်   ငြိမ်းချမ်းမှု၊ အေးမြမှု၊ ဂုဏ်ကျက်သရေရှိမှု စသောဂုဏ်သတ္တိများ ကို ရရှိနိုင်ကြောင်း၊ ထို့ကြောင့် ပျက်စီးမှုများမရှိစေ ရေး  စနစ်တကျဖြင့် အသေးအဖွဲမှအစ   အ‌လေးထား ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ စကျင် ကျောက်များဖြင့်  ထုဆစ်ထားခြင်းဖြစ်သဖြင့်    အမြဲ သန့်ရှင်းမှုများရှိစေရေး  ထိန်းသိမ်းဆောင်ရွက်နေရန် လိုကြောင်း၊  ထိန်းသိမ်းမှုများ   ဆောင်ရွက်ရာတွင် လိုအပ်နိုင်မည့်ပစ္စည်းများကိုလည်း အရန်ထားရှိ၍ လိုအပ်သည့်အချိန်တွင် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင် ဆောင်ရွက်နိုင်ရန်လိုကြောင်း။


ကြိုတင်တွက်ချက်စဉ်းစားထားရန်လို


ထိန်းသိမ်းမှုများဆောင်ရွက်ရာတွင် လိုအပ်ချက် များကို ကြိုတင်တွက်ချက် စဉ်းစားထားရန်လိုကြောင်း၊ လုံခြုံရေး၊  ထိန်းသိမ်းရေးလုပ်ငန်းများ   ဆောင်ရွက် ခြင်း၊   လျှပ်စစ်မီးများ   အသုံးပြုခြင်းများအတွက် ဝန်ထမ်းများခန့်ထားရန်လိုကြောင်း၊ ယင်းတို့အတွက် ကုန်ကျစရိတ်များ စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ ဆက်လက်လုပ်ဆောင်ရန်လုပ်ငန်းများလည်း ကျန်ရှိ သကဲ့သို့ လိုအပ်သည့်ယာဉ်ယန္တရားအပိုပစ္စည်းများ ဖြည့်တင်းရန်လည်း လိုအပ်ကြောင်း၊ အချို့နိုင်ငံများရှိ ဘုရားများ၌လည်း ဝင်ကြေးများပေးဆောင်၍ ဝင်ကြ ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သာမန်ပြည်သူ များဖူးမြော်နိုင်သည့် သတ်မှတ်နှုန်းထားများကိုသာ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း၊   ဘုရားကြီး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဂေါပကအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ဆောင်ရွက် ရန်လိုကြောင်း၊ ဂေါပကအဖွဲ့   ဖွဲ့စည်းရာတွင်လည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခန့်အပ်နိုင် ရေးအတွက် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။


စနစ်တကျထိန်းသိမ်းဆောင်ရွက်


ဘုရားကြီးပတ်ဝန်းကျင်  သန့်ရှင်းသာယာလှပ ရေးနှင့်     အမြဲစိမ်းလန်းစိုပြည်နေစေရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများကို    စနစ်တကျဖြင့် ဆောင်ရွက်နေရန်လိုကြောင်း၊  စိုက်ပျိုးထားသည့် မဟာဗောဓိညောင်ပင်အပါအဝင် အခြားသစ်ပင်များ အမြဲရှင်သန်ဖြစ်ထွန်းနေစေရေး   ဆောင်ရွက်နေရန် လိုကြောင်း၊ သာသနိကအဆောက်အဦများထိန်းသိမ်း ပြင်ဆင်ဆောင်ရွက်ခြင်းများကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ လုပ်ငန်းများအားလုံး ကို စနစ်တကျဖြင့် စဉ်းစားစီမံခန့်ခွဲဆောင်ရွက်နိုင် ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးရန် လည်းလိုကြောင်း၊ ထို့ကြောင့် ကမ္ဘာ့အထင်ကရဖြစ် သည့် မာရဝိဇယကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက် နိုင်မည့်အခြေအနေများကို   ဆွေးနွေးတင်ပြစေလို ကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏   အကြံပေးပုဂ္ဂိုလ်    ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက      မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နေရောင်လရောင်ပမာ ထွန်းလင်းတောက်ပ၊ တန်ခိုး တော်ကြီးမားကမ္ဘာတည်သရွေ့ နှစ်ပေါင်းရှည်ကြာစွာ တည်တံ့နေစေရန်နှင့် ထေရဝါဒဗုဒ္ဓသာသနာတော် ကြီး   ပြန့်ပွားစည်ပင်   တိုင်းပြည်အေးချမ်းသာယာ တိုးတက်စည်ကားစေရန်ရည်ရွယ်လျက် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ စီမံခန့်ခွဲခြင်း ဆိုင်ရာလုပ်ငန်းများအား စနစ်တကျဆောင်ရွက်နိုင် ရန်  ဖွဲ့စည်းစီမံဆောင်ရွက်ခြင်းဆိုင်ရာများ၊  အနယ် နယ်အရပ်ရပ်မှ ရဟန်းရှင်လူ၊ ဝန်ထမ်း၊ ကျောင်းသား ကျောင်းသူများ   နေ့အလိုက်   လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိမှုနှင့် စေတနာသဒ္ဓါတရားထက်သန် စွာဖြင့် အလှူငွေများ လှူဒါန်းလျက်ရှိမှု၊ E-Ticket ဝင်ခွင့်လက်မှတ်ဖြင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိမှု၊ ငွေကြေးကောက်ခံရန်   စီစဉ်ဆောင်ရွက် ထားရှိမှု၊ ရဟန်း၊ သံဃာ၊ သီလရှင်များ၊ ကျောင်းအစီ အစဉ်ဖြင့်လာရောက်သည့် ကျောင်းသား ကျောင်းသူ များကို အခမဲ့ဖူးမြော်ခွင့်နှင့်ဝန်ထမ်းများအား ဝန်ထမ်း ကဒ်ဖြင့်   ၅၀   ရာခိုင်နှုန်း   လျှော့ချကောက်ခံရန် ဆောင်ရွက်ထားရှိမှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့်တကွ ကျောက်စာရုံဘုရားစေတီများအပါအဝင် တန်ဖိုးမဖြတ်နိုင်လောက်သည့် သာသနိကအဆောက် အဦများ နေရောင်လရောင်ပမာ ထွန်းလင်းတောက်ပ ကမ္ဘာတည်သရွေ့ နှစ်ပေါင်းရှည်ကြာစွာ တည်တံ့စေ ရေး၊ တိုးတက်စည်ပင်အောင် ဆောင်ရွက်နိုင်ရေးနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓသန္တကပစ္စည်းများကို ထိန်းသိမ်းဆောင်ရွက်ခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်း၊ စီမံခန့်ခွဲခြင်း စသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် ဦးဆောင်မှုပေးခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက် ခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက်  မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဩဝါဒါစရိယဆရာတော်ကြီး များအဖွဲ့၊ နာယကအဖွဲ့၊ ထိန်းသိမ်းစောင့်ရှောက်ရေး ဦးစီးကော်မတီ၊ ဂေါပကအဖွဲ့၊ ဂေါပကအကြံပေးအဖွဲ့၊ အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းခြင်း၊ လုံခြုံရေး ဆိုင်ရာများနှင့် ဘုရားကြီး ဝေယျာဝစ္စနှင့်ဆက်စပ်လုပ်ငန်းများဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြ


ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဂေါပကအဖွဲ့ များဖွဲ့စည်းခြင်း၊ ကဏ္ဍများအလိုက် လိုအပ်သည့်ဌာန များ ဖွဲ့စည်းရန်လျာထားမှုများကိုလည်းကောင်း၊ ဗိုလ်မှူးချုပ်ဇော်နိုင်ဦးက ရေပန်းရင်ပြင်နှင့် ကျောက်စာ ရုံများအား Drone ဖြင့် 360 ဒီဂရီဗီဒီယိုမှတ်တမ်း ရိုက်ကူးထားရှိမှု၊    ရဟန္တာကျောင်းဆောင်တော် နှစ်ဆောင် ဆောက်လုပ်ရန် လျာထားဆောင်ရွက်နေမှု၊ ဂန္ဓကုဋိတိုက်အပြင်ဘက်တွင်  အင်္ဂတေစိန်တောင် တည်ဆောက်ခြင်းလုပ်ငန်းများ    ဆောင်ရွက်နေမှု၊ အာရုံခံတန်ဆောင်း နှစ်ဆောင်တည်ဆောက်နေမှု၊ လက်ဆေးဘေစင်များ   တပ်ဆင်ပြီးစီးမှု၊   မော်ကွန်း တိုက်အတွင်းပစ္စည်းများ   ထည့်သွင်းပြသထားရှိမှု၊ ဆွမ်းစားဆောင်တည်ဆောက်ခြင်း    လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ရေပန်းရင်ပြင်စကျင်ကျောက် ပြားခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မုခ်ဦး များ၌  လက်မှတ်အရောင်းဌာနများ  တည်ဆောက် ရန် လျားထားမှု၊ ရေပန်းဝိုင်းအလှူရှင်ကမ္ပည်းများ တပ်ဆင်ရန်လျာထားမှု၊  ပန်းအလှပင်နှင့်   အရိပ်ရ လေကာပင်များ    စိုက်ပျိုးထားရှိမှုနှင့်    ဆက်လက် စိုက်ပျိုးနေသည့်အခြေအနေများ၊    ဘုရားဖူးလာ ပြည်သူများအဆင်ပြေစေရေးအတွက် သန့်ရှင်းရေး နှင့် စောင့်ကြည့်ဝန်ထမ်းအဖွဲ့များဖြင့်   ဆောင်ရွက် လျက်ရှိမှု၊    ဘုရားကြီးသန့်ရှင်းသာယာလှပရေး အတွက် စနစ်တကျဖြင့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့် က အမြန်လမ်းမှဘုရားကြီးသို့ အဝင်လမ်းဆောင်ရွက် ထားရှိမှုနှင့်  လုံခြုံရေးဂိတ်၊   စစ်ဆေးရေးဂိတ်များ တည်ဆောက်ပြီးစီးမှုအခြေအနေများကို လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ     ဦးသန်းထွန်းဦးက မြတ်မင်္ဂလာလမ်း    အဆင့်မြှင်တင်နိုင်ရေးဆောင်ရွက် မည့်အခြေအနေများကိုလည်းကောင်း၊   ကာကွယ် ရေး  ဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက နည်းပညာမှတ်တမ်းစာအုပ်နှင့် ဒီဇိုင်း ပိုင်းဆိုင်ရာမှတ်တမ်းစာအုပ်များ    ပြုစုဆောင်ရွက် ထားရှိမှု၊ ဘုရားကြီး   ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်သွားရမည့်အချက်များနှင့်   နည်လမ်း များ  ပြုစုဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း၊ သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဦးအေးထွန်းက မာရဝိဇယဘုရားကြီး ဩဝါဒါ စရိယဆရာတော်ကြီးများအဖွဲ့ ဖွဲ့စည်းခြင်းကိုလည်း ကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ်   ဝေလင်းက   လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။              


ရှင်းလင်းတင်ပြမှုများအပေါ်   ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က    ဘုရားကြီးအတွင်းသို့ စည်းကမ်းမဲ့ဝင်ရောက်မှုများမရှိစေရေး ဆောင်ရွက် ရန်လိုကြောင်း၊ ဝန်ထမ်းများ သွားလာမှုအဆင်ပြေစေ ရေးအတွက်လည်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်မီးသုံးစွဲမှု   သက်သာစေရေးအတွက်လည်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်မီးသုံးစွဲမှု ကို  လျှော့ချပေးနိုင်ရန်အတွက်  နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်မီးများကိုလည်း တပ်ဆင်ပေးထားကြောင်း၊ သောက်သုံးရေများလည်း စဉ်ဆက်မပြတ်ရရှိအောင် စဉ်းစားဆောင်ရွက်ရန်   လိုကြောင်း၊   ဘုရားကြီး ပတ်ဝန်းကျင်စိမ်းလန်း သာယာစိုပြည်စေရေးအတွက် စိုက်ပျိုးထားသည့်သစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်နှင့်    မြက်ဖြတ်ခြင်းများကိုလည်း စနစ်တကျဖြင့်     ဆောင်ရွက်နေရန်လိုကြောင်း၊ ဘုရားဖူးကားများ   စနစ်တကျရှိစေရေးအတွက် လည်း ဆောင်ရွက်ရန်လိုကြောင်း၊ ရဟန်းသံဃာများ၊ သီလရှင်များနှင့်   ကျောင်းသား   ကျောင်းသူများကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများကို လည်း  ၅၀  ရာခိုင်နှုန်း   လျှော့ချကောက်ခံပေးသွား မည်ဖြစ်ကြောင်း၊  ဘုရားကြီးတည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက်   လိုအပ်သည့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် လိုအပ်သည့်ငွေကြေး များရရှိရေး  စက်တင်ဘာ  ၃ ရက်  နောက်ပိုင်းတွင် ဝင်ကြေးငွေကောက်ခံသွားမည်ဖြစ်ကြောင်း၊ ရရှိသည့် အခြေအနေအပေါ်မူတည်ပြီး သုံးသပ်ဆောင်ရွက်သွား ကြရန်ဖြစ်ကြောင်း ပြောကြားပြီး အခြားလိုအပ်သည် များကို လမ်းညွှန်မှာကြားသည်။


ယင်းနောက် အစည်းအဝေးအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်  အဖွဲ့ဝင်များသည်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ရင်ပြင်တော်ကြီးတွင်  လည်းကောင်း၊ ဂန္ဓ ကုဋိတိုက်များတွင်လည်းကောင်း၊ စိုက်ပျိုးထားသည့် မဟာဗောဓိညောင်ပင် ပရိဝုဏ်အတွင်းတွင် လည်း ကောင်း၊ ရေပန်းရင်ပြင်တွင် လည်းကောင်း၊ အဂ္ဂါ ဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း လည်းကောင်း  လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာ ဖြင့် နှုတ်ဆက်သည်။


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းပူဇော် ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့်   ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော်    မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ်  ၁  ရက်တွင်   စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဩဂုတ် ၈ ရက် မှစတင်၍ ရဟန်း ရှင်လူပြည်သူများ    ဖူးမြော်ကြည်ညိုခွင့်ပေးခဲ့ကာ နေ့စဉ်နိုင်ငံတစ်ဝန်းမှ ရဟန်းရှင်လူပြည်သူဘုရားဖူး လာပြည်သူများဖြင့်  စည်ကားသိုက်မြိုက်လျက်ရှိ ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်